Part-13

10.2K 674 12
                                    

ဤချစ်ခြင်းမှ

အပိုင်း၁၃

ခွန်းဆက်ပိုင်

အကိုတိုက်ခန်းရှေ့ ကလမ်းမှာ အကို အလာကိုစောင့်နေမိသည်။ ဦးမင်းမမှတ်မိဘူးဆိုတာ ပြောရမယ်လေ ။ ဒါမှ အကို စိတ်ပူတာတွေ လျော့သွားမှာ။

စောင့်သာစောင့်နေခဲ့သည်။ အကိုကတော့ ပေါ်မလာ။ အကိုဘယ်တွေများသွားနေတာလဲ။စိုးရိမ်လွန်ပြီး တစ်ခုခုလုပ်နေပြီလား။ အကိုရယ် အမြန်လာပါတော့ ။ ကျနော်စိတ်ပူလှပြီ။

ဓာတ်တိုင်အောက်လေး မီးထွန်းထားလို့ ထိုင်လိုက်ထလိုက်နဲ့အလုပ်များနေသည်။ အိမ်မပြန်တော့ဘူး အကိုလာရင်အကို အိမ်မှာပဲ အိပ်သွားတော့မယ်။

မေမေနဲ့ဖေဖေက ဦးကိုစောင့်မယ်ဆိုပြီး ဆေးရုံမှာအိပ်တယ်လေ။ ဒါကြောင့် ကျနော်လည်း ဦးမင်းနားမနေချင်လို့ထွက်လာခဲ့တာဖြစ်သည်။

အကိုအပေါ်လုပ်ခဲ့တာတွေအတွက် ကျနော်သူဘေးနေမိရင် သူကိုတစ်ခုခု ထက်လုပ်မိလိမ့်မည်။ ဒါကြောင့် ထွက်လာခြင်းလည်းပါသည်။

အကိုကိုတွေ့လိုက်တော့ ကျနော်ထိုင်နေရာမှ ထကာ အကိုအနားကိုလျှောက်လာလိုက်သည်။ အကိုကတော့ အားမရှိတဲ့ ခြေလှမ်းများဖြင့် အကို့ကိုဖက်ထားပြီး ဦးမမှတ်မိတော့တဲ့ အကြောင်းပြောနေတုံး ကားမီးတစ်ခုက ကျနော်တို့ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ထိုးကာ ကားတစ်စီးမောင်းနင်လာသည်။

ကျနော်နဲ့အကိုထိုကားကို စိုက်ကြည့်နေမိသည်။ ကားနဲ့နီးလာတော့မှ ကျနော်လည်းသတိဝင်ကာ အကို့ကို ဖက်ထားရင်းနဲ့ပဲ ကားကိုရှောင်ကာ မြေပြင်ဘေးဘက်ကို ခုံလိုက်ကာ ကားနဲ့လွှတ်ပြီး နှစ်ယောက်သား မြေပြင်ပေါ်ကိုလှဲကျသွားခဲ့သည်။ ကျနော်လှဲနေရင်းကားကိုကြည့်လိုက်တော့ အမည်းရောင် နံပတ်ဘုတ်မပါ။ ကားကခဏရပ်လိုက်တော့ ကျနော်လည်းသူအမှားတွက်ဆင်းကြည့်တယ်ထင်ခဲ့တာ ချက်ချင်းပင် ပြန်မောင်းထွက်သွားသည်။

အကိုကတော့ ကျနော်အပေါ်မှာလှဲကျနေသည်။ ပြီးတော့အကိုအသည်းအသန်ထကာ ကျနော်ဘေးထိုင်လိုက်ပြီး စိုးရိမ်နေသော မျက်ဝန်းများဖြင့်

ဤချစ်ခြင်းမှ........(Z&U)♥completedWhere stories live. Discover now