Part-5

13K 967 26
                                    

ဤချစ်ခြင်းမှ

အပိုင်း၅

ခွန်းဆက်ပိုင်

ကျနော် ဆရာနဲ့အတူ နေ့လယ်စာစားနေပေမယ့် မျက်နာချင်းမဆိုင်ရဲ့ မနက်က သူကို ဒုတ်ပြခဲပြကလုပ်ထားတာလေ။ ရှက်လိုက်တာဗျာ သူအသံတော်တော်ကျယ်တယ် အော်လိုက်တာများ အိမ်အောက်က အမေတောင်လန့်သွားတယ်လေ။ သားက ကလေးပဲရှိသေးတာကို သူကလန့်တယ်ဆိုပဲ ဟွန့် …

ထမင်းစားရင်း ဆရာမျက်နာက ခရမ်းချည်သီးလေးလို နီတုံးပဲ ချစ်စရာလေးဗျာ။ တော်သေးတယ်အမေလာတော့ လိမ်ပြောလိုက်ရတယ်လေ ဆရာကပိုးကောင်ကြောက်လို့အော်တာဆိုပြီးတော့ နို့မို့ဆိုအမေပါပြောပြလိုက်ရင် တစ်ရှက်ကနှစ်ရှက်ဖြစ်အုံးမယ်။
ထမင်းတွေချည်းစားနေတဲ့ ဆရာကို စချင်စိတ်ဖြစ်လာခဲ့သည်။

"ဆရာ ဘာလို့ ထမင်းချည်းပဲစားနေတာလဲဟင် မြွေအကောင်ကြီးတွေများမြင်ပြီး စားမဝင်တာလား … …

" … …

မျက်စောင်းထိုးပြီး နီထွေးနေတဲ့ ဆရာနူတ်ခမ်းက ကျနော့်ကိုစိတ်ဆိုးလို့ ဖြစ်လာသည်။ ပြီးတော့ အားပြင်းတဲ့ စားပွဲအောက်က ကျနော်ခြေထောက်တစ်ဖက်ကို ကန်လိုက်တဲ့ ကန်ချက်ကြောင့်

"အားးး … …

"ဟဲ့သားဘာဖြစ်တာလဲ … …

"မြွေ  … မြွေ …

"ဟေ မြွေ မြွေကိုက်လို့လားသားလေး  … …

အမေကအလန့်တကြားပြာပြာသလဲ စားပွဲအောက်ကိုကြည့်ကာ ကျနော့်ခြေထောက်ကိုစမ်းကြည့်ရင်းနဲ့

"အမေကလည်း နောက်တာ သားကခွန်းဆက်ပိုင်ပါ မြွေလောက်တော့သနားတယ် ဟိုလေသူများတွေလို မြွေမြင်ပြီး ထလည်းမအော်တတ်ဘူးအမေရ … …

"ခွန်းဆက်ပိုင် မင်းလူကြီးကိုမနောက်နဲ့လေ အန်တီကလန့်တောင်သွားတာ … …

အမယ်အမုန်ကတော့ ကျနော့်ကိုဆူချင်နေတာ မသိရင် ဆွဲဖြဲသတ်တော့်မည့်ပုံကို သူကအသံထိန်းပြောနေတာလေ။ ဆရာစိတ်ဆိုးရင် ကလေးကျနေတာပဲ ချစ်ဖို့ကောင်းတယ်ဗျ။

ကျနော့်ဆရာနဲ့ စာဆက်သင်ဖြစ်ကျသည်။ တစ်နေကုန်ပေါ့ ။စာကိုအကြာကြီးမလုပ်ဖူးတဲ့ ကျနော်က ချစ်ရသူဘေးနားရှိတော့ စာဆိုတာ အလွယ်တကူစိတ်နှစ်လို့ရတယ်လေ။ လက်ညောင်းလို့နားရင်း သူ့ကိုခိုးခိုးကြည့်နေမိသည်။ ကြည့်ရင်း အရှိန်ကမထိန်းနိုင် သူလှုပ်ခေါ်တာတောင်မသိ။

ဤချစ်ခြင်းမှ........(Z&U)♥completedTahanan ng mga kuwento. Tumuklas ngayon