Part-3

15.3K 1K 58
                                    

ဇော်ဂျီ

ဤချစ်ခြင်းမှ

အပိုင်း၃

အလင်း

ကျူရှင်သင်ရတော့မှာမို့လို့ ကျွန်တော် ထိုကလေးရဲ့မိဘ ဖုန်းနံပါတ်ကိုတောင်းထားလိုက်သည်။ ဒီနေ့သင်ရမှာတော့မဟုတ်ပါ။ နောက်ရက်လောက် သူတို့ဘက်ကအကြောင်းပြန်ကြားမှ ကျွန်တော်သင်ဖို့ စရမည်။

နောက်နေ့မနက် ကျနော်ကျောင်းသွားဖို့ ထပြင်နေတုံး နံပါတ်အစိမ်နဲ့ ဖုန်းတစ်ကော ဝင်လာသည်။

***လိုရာသုံးဖို့ အဆင်မပြေတော့လို့
ချစ်သူတစ်ယောက်လို မသတ်မှတ်ချင်တော့လို့ … ***

နောက်ဖေးမီးဖိုချောင်ကနေ အမြန်အိပ်ခန်းထဲ ပြေးသွားပြီဖုန်းကိုင်လိုက်တေည့ နံပါတ်အစိမ်းနဲ့။

"ဟယ်လို ဟုတ်ကဲ့အမိန့်ရှိပါ … …

"ဦးလား … …

"ခဗျာ ဘယ်ကဦးလဲ … …

"အလင်းဆိုတဲ့ဦးလေး … …

"သြရှရှနဲ့ကောင်လေးတစ်ယောက်ရဲ့ ဘယ်သူလဲမသိ။

"မင်းဘယ်သူလဲ ငါမင်းကိုမသိဘူး … …

"ကျွန်တော်ကတော့သိတယ်  … …

"ဘာကိစ္စလည်း ငါအရေးကြီးနေတယ် ပြောစရာရှိတာပြော … …

လာကြောင်တဲ့ ထိုလူကို စိတ်မရှည်တော့ပါ။ ခက်မာမာပဲပြောလိုက်သည်။

"ဟ အရေးကြီးလို့တော့မဟုတ်ပါဘူး ဦးအသံလေးကိုလွမ်းလို့ပါ … …

"ဘာကြ …   …

"ဒါပဲနော်ဦး အော်ဒါနဲ့ ဦးကအရမ်းလှတယ်ဗျာ အရမ်းလည်းချစ်ဖို့ကောင်းတယ် ကျွန်တော်တော့်ကြွေနေပြီဦးရာ by … …

"ဘာ မင်း ဘာပြောတယ် ဟယ်လို ဟယ်လို …

တူတူ  …တူ …

ပြောချင်ရာပြောပြီးချသွားလေ။ ကျနော်မှာတော့အမည်မသိ ထိုကောင်လေးကို ဒေါသနဲ့သာ ကျန်နေခဲ့သည်။ မင်းကများငါ့ကို ခန့်ရင်ခန့်တယ်ပေါ့ ဘာလဲလှတာက။

စိတ်ပေါက်ပေါက်နဲ့ ကျွန်တော် စက်ဘီးနင်းလာခဲ့သည်။ ကျောင်းကိုရောက်တော့ ကျောင်းသားတွေတောင်သိပ်မရောက်သေး။ ဆရာများ နားနေခန်းသို့ ဝင်လိုက်ပြီး ကျနော်စားပွဲမှာ ထိုင်လိုက်သည်။ အံဆွဲတွေက သော့မခေတ်ထား အသစ်ဖြစ်တာကြောင့်ဖြစ်သည်။ ထိုစဉ် ကျနော်စားပွဲအောက်က ပထမမြောက် အံဆွဲလေးကို ဖွင့်လိုက်သည်။

ဤချစ်ခြင်းမှ........(Z&U)♥completedWhere stories live. Discover now