“အား--- ဒုက္ခပါပဲ ဘတ်ဟျွန်းရာ..”

ဒီအချိန်ဆို မျက်ရည်တွေများပိုးပိုးပေါက်ပေါက်ကျလျက် ငိုနေလောက်မည်လား။ဒါမှမဟုတ်. တခြားသူတွေများတွေ့ လို့ ခေါ် သွားတာမျိူးရောဖြစ်နိုင်လား.။သူ့လာရာအရပ်ကိုပြန်သွားတာမျိူးရော ဖြစ်နိုင်မလား။နောက်ပြီး ပိုင်ဆိုင်မှုဂုဏ်သိက္ခာတချိူ့ အတွက်နှင့် ချန်းယောလ် ဘယ်တုန်းကများ ဒီလိုမကောင်းသည့်လုပ်ရပ် လုပ်တတ်သွားတာလဲ.။

ခေါင်းထဲဒိန်းခနဲဖြစ်ကာ ရှက်ရွံ့ခြင်းကြီးစွာဖြစ်ရသည်။ တစ်နေရာရာစီစဉ်ပေးပြီးထားရင်လည်းရသည့်အရေးကို ချန်းယောလ် ဘာလို့ ဒီလို လမ်းတစ်နေရာမှာ လူတစ်ယောက်ကို ထားပစ်ခဲ့နိုင်ရတာလဲ။ ခေါင်းထဲတွင်လည်း ကလပ်တုန်းက ဘတ်ဟျွန်းကို ခေါ်သွားခံရဖို့နည်းနည်းလေးပဲလိုသည့်အကြောင်းကိုလည်း ပြန်တွေးမိလေသည့်အခါ အိပ်နေရာကနေ ကမန်းကတန်း ထလိုက်ရသည်။မဖြစ်တော့.. ဒီလိုဖြူဖြူစင်စင်ကလေးကို ဒီလိုပစ်ထားခဲ့တာနှင့်တင် ချန်းယောလ် အပြစ်ကြီးကြီးကိုကျူးလွန်မိ ပြီဖြစ်သည်။ခုနေများ ဘတ်ဟျွန်း တစ်ခုခုဖြစ်သွားခဲ့လျှင် ချန်းယောလ် နောင်တစိတ်ဖြင့် ယူကြုံးမရစိတ်ဖြင့် နေနို်င်အံ့ မည်မထင်…။

ခု ဘတ်ဟျွန်းကို သူ နင့်နင့်သည်းသည်း စိုးရိမ်နေမိပါသည်။

ချက်ချင်းပင် စားပွဲပေါ်က ကားသော့ပြန်ဆွဲလျက် အိမ်ပေါ်ထပ်က ဝရုန်းသုန်းကားပြေးဆင်းလာခဲ့သည်။ ချန်းယောလ် ကားကို အလောတကြီးမောင်းလာခဲ့သည့်အချိ်န်တွင် အပြင်ဘက်တွင် မိုးက အချိန်အခါမဟုတ်.. ဖွဲနေရာကနေ ဖြည်းဖြည်း ချင်း သည်းလာ နေပြီဖြစ်သည်။ တစ်ချက်တစ်ချက်လျှပ်စီးပါ လက်နေသည်မို့ ကားမောင်းနေရင်းဖြင့်  တစ်ဖက်လက်ဖြင့် ချန်းယောလ် ကိုယ့်ခေါင်းကိုယ်သာ ထုရိုက်နေမိတော့သည်။ ကလေးကို သူ ဘယ်လိုပြုမူခဲ့တာပါလိမ့်။

အရှိန်တင်မောင်းလာတာမို့ သိပ်မကြာခင်မှာပင် ချန်းယောလ် ထားခဲ့သည့်နေရာဆီပြန်ရောက်လာသည်။ ထီးတောင် မယူနိုင်. ကားပေါ်က ပြေးဆင်းမိသည်။ ပိတ်ထားသည့် မိုးကာတဲဖြင့် ဆိုင်လေးက လွဲလျှင် ထိုနားတွင် မည်သူမှမရှိ.။မိုးကျနေပြီမို့ mini mart လေးတွေနားက လူတွေကလွဲ လမ်းမထက် လမ်းသွယ်ထက် အသွားအလာကျဲပါးနေသည်။ ချန်းယောလ် တစ်ယောက်ထဲ သာမိုးရေထဲတွင် ခေါင်းချာချာလည်အောင်ပတ်လည်ကြည့်လျက် ပြေးလွှားနေမိသည်။

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now