“ဘာလဲ..ထဖို့ အိပ်ဖို့တောင် ကိုယ့်သဘောနဲ့ကိုယ်မဖြစ်ဘူးလား။နှင်ချဖို့ပြောဦးမှာပဲလား။”

လှဲအိပ်နေရာက ချက်ချင်းထထိုင်လျက် ရန်တွေ့လာသည့် ဘတ်ဟျွန်း မျက်လုံးတွေက မျက်ရည်တွေဝိုင်းခနဲ။ဒီကြားထဲ ပြိုလဲကျနေသည့် ဆံနွယ်ရှည်တို့ကြောင့်စိတ်ဆိုးနေသည့် မင်းသမီးလေး နှင့်ပိုတူနေကာ ချန်းယောလ် ရယ်ချင်မိသွားသလို ရယ်သံလည်း ထွက်သွားရသည်။

“ခုကျွန်တော့်ကိုလှောင်နေပြီပေါ့..”

ရှိုက်သံထွက်လာသလို စောစောက ပြိုလုဆဲဆဲမျက်ရည်တွေက ပါးပြင်ပေါ် ပြေးဆင်းလာကြတော့သည်။နဂိုကမကြည်သည့် ဓါတ်ခံတွေက လောလောဆယ် ဘယ်ရောက်ကုန်သည်မသိ.။ချန်းယောလ်ရယ်မောနေရင်းကနေ ကုတင်ပေါ် ထိုင်လိုက်ပြီး ဘတ်ဟျွန်း ကို သိမ်းပွေ့ထားလိုက်သည်။အဘယ်ကြောင့်ရယ်မသိ.ခုတော့ မျက်စိရှေ့က အသည်းယားစရာကောင်းနေသည့် မင်းသားလေးကို ချန်းယောလ် ဖက်ထားချင်မိသည်။

အင်း ကလေးတွေကိုအသည်းယားသလိုမျိူးပေါ့.

“ပြောတော့ နိုးတဲ့ထိစောင့်ပေးမယ်ဆိုပြီး။ ကိုကိုချန်းယောလ် က ကတိမတည်ဘူး။”

ဘတ်ဟျွန်းသည် ချန်းယောလ်ကို တွန်းထုတ်မလာသည့်အပြင် ခါးကိုပါ ကျစ်ကျစ်ပါအောင် ဖက်လာသေးသည်။

“တိတ်တော့..ငါက ကောင်မလေးနဲ့သွားတွေ့ရတာမို့ပါ။ သူ့ကို ငါနဲ့အပြိုင်လိုက်နေတဲ့ကောင် ရှိတော့ နောက်ကျကျန်နေခဲ့လို့မဖြစ်လို့လေ.။ခု ငါ့ကိုအခွင့်အရေးပေးတုန်း ငါက ယူထားရမှာမလား”

“ဟင်-ဒါဆို ကျွန်တော်က မရီး ရတော့မှာလား။ကျွန်တော့်အကိုတော်ရဲ့လက်ထပ် ပွဲကျင်းပမှာတောင် ကျွန်တော်က မတက်လိုက်ရဘူး။ကိုကိုချန်းယောလ် လက်ထပ်ပွဲတော့ ကျွန်တော် တက်မှာနော်.”

“အဟွန်း--ပြောတဲ့အတိုင်းဖြစ်ပါစေဗျာ.လာ--အောက်မှာ တစ်ခုခုစားမလား။ ထမင်းတော့မဖြစ်တာမို့ စွပ်ပြုတ်ပဲဖြစ်ဖြစ်..ဆန်ပြုတ်လေးပဲဖြစ်ဖြစ်.”

ချန်းယောလ် ကုတင်ပေါ်မှဆင်းကာ ဘတ်ဟျွန်းကို လက်ကမ်းပေးတော့  လက်သွယ်သွယ်လေးက ချန်းယောလ် လက်ဖဝါးထဲ ရောက်ရှိလာသည်။ ကုတင်ပေါ်မှလည်းဆင်းကာ ချန်းယောလ် လက်ဆွဲသည့်နောက်လိုက်လာ၏။

လက်ထပ်လက်စွပ်ကလေးМесто, где живут истории. Откройте их для себя