အပိုင်း ၅၀ end

7.7K 284 40
                                        

အပိုင်း ၅၀ (ဇာတ်သိမ်းပိုင်း)

Unicode

"ဒေါ်သူသူထက် စပယ့် ကို ကျွန်တော့်အခန်းထဲခဏလွှတ်လိုက်ပါ။"

"မရှိဘူး ဆရာ။အပြင် ခဏထွက်သွားပါတယ်။"

"ဘာသွားလုပ်တာလဲ။ကျွန်တော့်ကိုလည်း ပြောမသွားပါလား။"

"ကိုယ်ရေးကိုယ်တာ ကိစ္စလို့ ပြောပြီးထွက်သွားတာပါ ဆရာ။"

"ဟာ....လုပ်ချင်တာကို လုပ်နေတော့တာပဲ။ဒါဆိုလည်း သူပြန်လာရင်သာ ကျွန်တော့်ဆီ လွှတ်လိုက်ပါ။"

"ဟုတ်ကဲ့ ဆရာ။"

စပယ် က ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ အပြင်သွားတာ ဆိုတော့ ဟိန်းစစ် ဆီများ ထပ်ပြီး ရောက်သွားသလားဆိုတဲ့ စိုးရိမ်စိတ်က ကြီးစိုးသွားပါသည်။အနားမှာချထားတဲ့ ဖုန်းကိုယူပြီး ဟိန်းစစ် ဆီ ဖုန်းဆက်လိုက်ပါသည်။

"စပယ် လား။မလာပါဘူး။ဘာဖြစ်လို့လဲဟင်။"

"ဘာမှမဖြစ်ပါဘူး။သူ ရုံးမှာ မရှိလို့ ညီငယ့်ဆီများ ရောက်လာသလားလို့ မေးကြည့်တာပါ။"

"မရောက်ပါဘူး။စိတ်မပူပါနဲ့။အလုပ်သာ အေးအေးဆေးဆေး လုပ်ပါ။စပယ် လာတော့လည်း ဘာဖြစ်လဲ။သူ ကျွန်တော့်ကို ဘာလုပ်လို့ ရမှာမလို့လဲ။"

"ဘာမှတော့ လုပ်လို့မရမှန်း သိပါတယ်။ညီငယ့်ကို စိတ်အနှောင့်အယှက်လာပေးမှာစိုးလို့ပါ။"

"မပူပါနဲ့။စိတ်အနှောင့်အယှက် ဖြစ်စရာလည်း အကြောင်းမရှိပါဘူး။ဆရာ သာ ကိုယ့်ဘာသာပူပါ။အခုကော နေ့လယ်စာ ထမင်းစားပြီးပြီလား။"

ဟိန်းစစ် ပြောမှ သတိရသည်။နာရီကို ကြည့်လိုက်တော့ နေ့လယ် တစ်နာရီခွဲကျော်နေပြီ။ထမင်းစားဖို့ သတိမရသေးပါ။အခု ဟိန်းစစ် ပြောမှပဲ ဗိုက်ကဆာလာသလိုလို ဖြစ်လာသည်။

"မစားရသေးဘူး။"

"အဲ့ဒါပြောတာပေါ့။ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တာတွေ။ ထမင်းချိုင့်ကော ပါလာရဲ့လား။"

"ပါပါတယ်။အမေ ထည့်ပေးလိုက်တယ်။"

"ဒါဆို စားတော့လေ။စားတာနောက်ကျလို့ အစာအိမ်ပြန်နာနေဦးမယ်။ကျွန်တော် ဖုန်းချလိုက်တော့မယ်။ထမင်းစားတော့။"

ညီငယ္  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now