အပိုင်း ၉

7.1K 453 7
                                    

အခန်း ၉
zawgyi

"‌ဒေါက်‌. . ‌ဒေါက်‌"

"ဝင်‌ခဲ့ပါ။"

အထဲမှ ခွင့်ပြုချက်ရပြီးတဲ့ အသံကြားပြီးတာနဲ့ တံခါးကို အသာအယာဖွင့်ပြီး အခန်းထဲ ဝင်လိုက်ပါသည်။

စားပွဲပေါ်မှာ ထိုင်ပြီး စာရင်းလုပ်နေတဲ့ ခေါင်ထက်နားသွားပြီး လက်မှတ်ထိုးဖို့ ယူလာတဲ့ ဖိုင်တွဲကို စားပွဲပေါ်ရိုရိုသေသေ ချပေးလိုက်သည်။
ဟိန်းစစ် လုပ်ရပ်တွေကို အကဲခတ်ကြည့်နေတဲ့ ခေါင်ထက် မျက်ဝန်းနဲ့ ဆုံချိန် ရင်ထဲမှာ ဗြောင်းဆန်သွားသလိုလိုပါပဲ။

"ညက အိပ်‌‌ရေးဝဝမအိပ်‌ရဘူး ထင်‌တယ်‌‌နော်‌။မျက်‌တွင်း‌တွေကျ‌နေတယ်‌။"

"‌ဗျာ . ဟုတ်‌ကဲ့"

"ကျန်းမာ‌ရေး ‌တော့ ဂရုစိုက်‌ပါ ညီငယ်‌"

"ကျွန်‌‌တော့်‌အ‌ပေါ် ဂရုစိုက်‌‌ပေးတာ ‌ကျေးဇူးတင်‌ပါတယ်‌ ဆရာ။ဆရာ လက်‌မှတ်‌ထိုးပြီးရင်‌ ဖိုင်‌တွဲ‌တွေ ပြန်‌ယူသွားပါ့မယ်‌။"

စားပွဲ‌ပေါ်မှာ တင်‌ထားတဲ့ ‌ဘောပင်‌ထည့်‌တဲ့‌ဗူးထဲက‌နေ ‌အနက်‌‌ရောင်‌‌ဖောင်‌တိန်‌ တစ်‌‌ချောင်းကို ယူပြီး ဖိုင်‌တွဲကို ဖွင့်‌ကာ စာရွက်‌တစ်‌ရွက်‌ချင်းစီရဲ့ လိုအပ်‌တဲ့‌နေရာမှာ လက်‌မှတ်‌ထိုးသည်‌။‌ဖောင်‌တိန်‌ကိုင်‌ထားတဲ့ ခပ်ရှည်ရှည် ‌လေး‌ထောင့်‌ဆန်‌ဆန်‌ လက်‌‌ချောင်းများ ပိုင်‌ဆိုင်‌ထားတဲ့ လက်‌မှတ်‌ထိုး‌နေတဲ့ လက်‌ကို ‌ငေးကြည့်‌‌နေမိသည်‌။

စားပွဲ‌ပေါ်မှာ ထိုင်‌‌နေတဲ့ ‌ခေါင်‌ထက်‌ကို ဟိန်းစစ်‌တစ်‌ယောက်‌ အ‌ပေါ်စီးက‌နေ ‌ငေး‌နေမိသည်‌။
နက်‌‌မှောင်‌တဲ့မျက်‌ခုံးနှစ်‌ဖက်‌က ကျယ်‌ပြန့်‌တဲ့ နှဖူးပြင်‌နဲ့ လိုက်‌ဖက်‌ညီ‌နေသည်‌။မျက်‌လွှာချထားတာမို့ ခပ်‌ရှည်‌ရှည်‌စင်း‌နေတဲ့ မျက်‌‌တောင်‌‌လေး‌ တွေကိုမြင်‌‌နေ ရသည်‌။အနည်းငယ်‌နီမြန်း သ‌ယောင်‌ရှိတဲ့ ခပ်‌ထူထူနှုတ်‌ခမ်းသား အစုံက ချွန်‌ထက်‌‌နေတဲ့ နှာ‌ခေါင်းကို ပိုမို ‌ပေါ်လွင်‌‌အောင်‌ အ‌ထောက်‌အကူပြုထားသလိုပါပဲ။

ခပ်‌ပါးပါးနှုတ်‌ခမ်းတစ်‌စုံကို ပိုင်‌ဆိုင်‌ထားတဲ့ ဟိန်းစစ်‌ တစ်‌‌ယောက်‌အတွက်‌ ခပ်‌ထူထူနှုတ်‌ခမ်းသားကို မြင်‌‌တော့ သ‌ဘောကျ‌နေမိသည်‌။အရမ်းမတိုလွန်းတဲ့ ဆံပင်‌ကို ‌ဆီသုတ်‌ပြီး‌ နောက်‌လှန်‌ဖြီးထား‌တော့ ရှိရင်းစွဲ အသက်‌ကို ပို‌စေသလို ထင်‌ရ‌ပေမယ့်‌ တည်‌ငြိမ်‌ရင့်‌ကျက်‌တဲ့ မျက်‌နှာပြင်‌ကို‌တော့ ‌ပေါ်လွင်‌‌စေပါသည်‌။ရဲထက် ပြောသည့် မင်းသူဌေးက ပိုခန့်ပိုချောလာတယ် ဆိုတဲ့ နားထဲ ပြန်ကြားယောင်လာမိသည်။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now