အခန်း ၃
Zawgyi
"မင်း ဘာဖြစ်နေတာလဲ ဟိန်းစစ်။ အခုတလော မင်းကြည့်ရတာ စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုပဲ။သွားလို့ သွားမှန်းမသိ စားလို့ စားမှန်းမသိ ဖြစ်နေပါလားကွ။"
"မဟုတ်ပါဘူးကွာ ငါအခုတလော စိတ်ဖိစီးမှုတွေများပြီး စိတ်ညစ်နေလို့ပါ။"
"မင်းအမေလည်း နေကောင်းသင့်သလောက်ကောင်းလို့ ဆေးရုံက ဆင်းလာပြီပဲ မဟုတ်လား။"
"ငါတွေ့သလောက်တော့ အတော်လေး သက်သာနေပါပြီ။ ဘာလဲ အခုလုပ်နေရတဲ့အလုပ်က အဆင်မပြေဘူးလား။ "
"အင်း. . ဆိုပါတော့ကွာ"
"ထမင်းဆိုင်မှာ လုပ်တာ အဆင်ပြေရဲ့လား။စားပွဲထိုး ဆိုပေမယ့် ရသင့်သလောက်တော့ ရတယ် မဟုတ်လား။ ကျောင်းတက်ခွင့် ပေးပြီး ထမင်းပါကျွေးတယ် ဆိုတော့ ငါ့အမြင်ပြောရင် မင်းတို့ သားအမိနှစ်ယောက်ထဲ အဆင်ပြေသင့်သလောက် ပြေတယ် ထင်တာပဲ။"
"စားဖို့ အတွက်ကတော့ အဆင်ပြေပါတယ်။ဒါပေမဲ့လည်းကွာ အမေက ဆေးရုံဆင်းလာပြီဆိုပေမယ့် ဆေးကကုနေရတုန်းပဲလေ။ဆေးလည်းသောက်နေ ရတုန်းပဲ။ဒီစရိတ်တွေက ရှိသေးတယ်လေ။နောက်ပြီး အတိုးနဲ့ယူထားတဲ့ ပိုက်ဆံဆပ်နေရတာလည်း မင်းအသိပဲလေ ။"
"သိရက်နဲ့ လစာကောင်းတဲ့အလုပ်ကို ဘာလို့ ထွက်ရတာလဲကွာ။"
အမေးစကားအတွက် ဟိန်းစစ် မှာ အဖြေမရှိပါ။
"မင်းအမေ မသိဘဲ အလုပ်ထွက်ရလောက်အောင် အဲ့ဒီ့အလုပ်မှာ ဘာအခက်အခဲများ ရှိလို့ ထွက်လိုက်ရတာလဲ။မင်းအမေကို မပြောချင်ရင်တောင် ငါ့ကိုတော့ သူငယ်ချင်းတစ်ယောက်အနေနဲ့ ရင်ဖွင့်သင့်ပါတယ်ကွာ။ငါကူညီလို့ရတာဆို ကူညီလို့ ရတာပေါ့"
မျက်နှာချင်းဆိုင် ခုံမှာထိုင်နေရာမှ အားမလိုအားမရ ဖြစ်ကာ ဟိန်းစစ်နားကို ခုံရွှေ့ ယူပြီး လာထိုင်ပါသည်။
ဘာဖြေရမှန်း မသိတာမို့ ရင်ပူပူနဲ့ အအေးကိုသာ တစ်ကျိုက်တည်း တစ်မော့သောက်ချလိုက်ပါသည်။
ဟိန်းစစ် လုပ်ကိုင်နေသမျှကို မျက်တောင်မခတ် လိုက်ကြည့်နေရင်း နှုတ်ထွက်စကားအဖြေကို စောင့်နေသူက ရဲထက်သာဖြစ်သည်။
YOU ARE READING
ညီငယ် (ညီငယျ ) Zawgyi and Unicode
RomanceNote စာဖတ်သူများ ချစ်ပရိသတ်များ မင်္ဂလာပါ ဒီ ဝတ္ထု ကို စဉ်းစားထားတာ ကြာပေမယ့် မရေးဖြစ်ခဲ့ဘူး။ ရေးဖြစ်ပြန်တော့လည်း အများကြီး စဉ်းစားပြီးမှ တင်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ စာဖတ်သူတွေထဲမှာ အရွယ်သုံးပါး ကျား၊မ မရွေးပါဝင်နိုင်တဲ့အ...