အပိုင်း ၂၆

4.1K 278 25
                                        

အပိုင်း ၂၆

Zawgyi

ဒီ‌နေ့ ခရီးသွားရမှာမို့လို့ ရုံးကို ပုံမှန်‌ထက်‌ ‌စော‌ရောက်‌ပြီး လုပ်‌စရာရှိတာကို လုပ်‌ရသည်‌။
မနက်‌ရုံး‌ရောက်‌ချိန်‌ထိ ချက်‌ချင်းမသွားဖြစ်‌ကြ။‌နေ့လယ်‌စာ ထမင်းစားပြီးမှသာ ခရီးထွက်‌ဖြစ်‌ကြသည်‌။
ကားထဲကို လိုအပ်‌တဲ့ ပစ္စည်း ထည့်‌‌နေချိန်‌မှာ
အနားကို ‌ခေါင်‌ထက်‌ ‌ရောက်‌လာသည်‌။

"ညီငယ်‌ အဲ့ဒီ့ ခြင်းထဲက ဘာ‌တွေလဲ။ဘာ‌တွေထည့်‌သယ်‌လာတာလဲ"

ဟိန်းစစ်‌ ဘာမှ မ‌ဖြေ‌သေးဘဲ အ‌ရှေ့ခန်းက ‌မောင်းသူနံ‌ဘေးထိုင်‌ခုံမှာ ဝင်‌ထိုင်‌ပြီး ခါးပတ်‌ပတ်‌သည်‌။‌ခေါင်‌ထက်‌ကလည်း ‌ဟိန်းစစ်‌ လုပ်‌သလိုပဲ ‌မောင်းသူ‌နေရာမှာ ထိုင်‌ပြီး ခါးပတ်​ ပတ်‌နေချိန်‌ ‌ဟိန်းစစ်‌က ‌ခေါင်‌ထက်‌ကို စကား လှမ်း‌ပြောသည်‌။

"လမ်းမှာ အဆာ‌ပြေ စားဖို့ အစားအစာတွေ‌လေ။‌ပေါင်‌မုန့်‌ကြက်‌ဥ‌ကြော်‌၊‌ပေါင်‌မုန့်‌ကို စ‌တော်‌‌ဘယ်‌ရီ‌ယို သုတ်‌ထားတာလည်းပါတယ်‌။နှပ်‌‌ကော်‌ဖီကို ‌ဗူးနဲ့ထည့်‌လာတယ်‌။စပျစ်‌သီး၊ လိ‌မ္မော်‌သီး လည်း ပါတယ်‌။ဆရာ က အစာအိမ်‌ ‌ရောဂါ ရှိ‌တော့ အပြင်‌စာ‌တွေ ‌တွေ့ရာမစား‌စေချင်‌လို့ပါ။
‌ဗိုက်‌နာ‌နေမှာစိုးလို့ ကျွန်‌‌တော်‌ထည့်‌လာတာပါ"‌

ဟိန်းစစ် စကားအဆုံးမှာ‌တော့ ‌ခေါင်‌ထက်‌ စိတ်‌‌တွေ ဘယ်‌လိုမှ ထိန်းမရ‌တော့။ဟိန်းစစ်‌ မျက်‌နှာကို သူ့ဘက်‌ဆွဲယူပြီး
လက်‌ဖဝါးနှစ်‌ဖက်‌နဲ့ ပါးပြင်‌ တစ်‌ဖက်‌တစ်‌ချပ်‌စီကိုင်‌ကာ ဟိန်းစစ်‌ မျက်‌နှာပြင်‌ကို အနီးကပ်‌ဆုံး ဆွဲယူလိုက်‌ပြီး ‌‌ခေါင်‌ထက်‌ ချစ်‌ရတဲ့ အစိတ်‌အပိုင်း‌လေးဖြစ်‌တဲ့
ဟိန်းစစ်‌ရဲ့ နှာ‌ခေါင်း‌ထိပ်‌‌လေးကို နမ်း‌မွှေးလိုက်‌သည်‌။ပြီ‌တော့ စူထွက်‌‌နေတဲ့ နှုတ်‌ခမ်းအစုံကို နှုတ်‌ခမ်းချင်း‌တေ့ကာ အသံထွက်​ပြီး နမ်းလိုက်‌သည်‌။အကြိမ်‌‌ရေ ဘယ်‌နှစ်‌ခါမှန်းမသိတဲ့ အနမ်းကို ခံယူရင်း သတိဝင်‌လာချိန်‌မှာ ‌ခေါင်‌ထက်‌ လက်‌နှစ်‌ဖက်‌ ကို ကိုင်‌ပြီး မျက်‌နှာပြင်‌မှ ဆွဲခွာလိုက်‌သည်‌။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeTempat cerita menjadi hidup. Temukan sekarang