အပိုင်း ၎

7.4K 488 2
                                    

                       အခန်း ၎

zawgyi

ရဲထက်နှင့် ဟိန်းစစ် သည် ညီအစ်ကိုရင်းလို ချစ်ကြတဲ့ သူငယ်ချင်းများ အဖြစ် အခြားသူငယ်ချင်းတွေကြား လူသိများသော်လည်း တကယ်တမ်းကျတော့ ဝါသနာမတူ ခံယူချက်မတူတဲ့ သူများသာ ဖြစ်သည်။ဟိန်းစစ်သည် အချက်အပြုတ်ဝါသနာပါ၍ စားဖိုမှုးတစ်ယောက်ဖြစ်ချင်သူ
ရဲထက်ကတော့ ကြက်ဥတစ်လုံးတောင် ဖြောင့်အောင် မကြော်တတ်ဘဲ ကားနဲ့ ပတ်သတ်ရင်တော့ ကိုယ်တိုင်သာ မစီးနိုင်တာ နိုင်ငံပေါင်းစုံက ကားအမျိုးအစား အတော် များများကို သိသူဖြစ်သည်။

ကျောင်းပိတ်ရက်ဆိုရင် ကားဝပ်ရှော့ သွားပြီး လေ့လာရေးခရီးထွက်တတ်သည်။
အခု အရွယ်ရောက်လာချိန်မှာတော့ ဝပ်ရှော့မှာ အလုပ်လုပ်နေပြီဖြစ်သည်။ဝါသနာမတူ အလုပ်မတူပေ မယ့် အိမ်နီးချင်းလည်းဖြစ် မေဂျာတူ၊ဘဝတူသူငယ်ချင်းတွေမို့ တစ်ယောက်နဲ့တစ်ယောက်ဖေးမ ကူညီရင်း လက်တွဲမဖြုတ်ခဲ့တာ အခုအရွယ်ထိပါပဲ။

တစ်ရက် ရဲထက်က ဟိန်းစစ်လက်ထဲကို လိပ်စာကဒ်လေးတစ်ခု လာထည့်ပေးသည်။နာမည်ခပ်ဆန်းဆန်းနဲ့ ကုမ္ပဏီပိုင်ရှင်တစ်ယောက်ရဲ့ လိပ်စာနှင့်ဖုန်းနံပါတ်ပါ။

"ဒါဘာအတွက် ငါ့ကိုပေးတာလဲ ရဲထက် "

"ငါအလုပ်လုပ်နေတဲ့ ဝပ်ရှော့ကို သူဌေးတော်တော်များ များလာတယ်။ငါလည်း မင်းအလုပ်အသစ်ကောင်းကောင်း လေး ရဖို့ သူဌေးတွေကို ကားပြင်ရင်း စကားလေးဘာလေးပြောရင်း ရင်းနှီးမှုယူရတာပေါ့။ဒီလိပ်စာကဒ်ကို ကြည်ကြည်ဖြူဖြူ ပေးတဲ့သူက မဆိုးဘူးကွ သိလား။အသက် ၄၀ ဝန်းကျင်လောက် ရှိမယ်  ရုပ်ကတော့ ခပ်ဖြောင့်ဖြောင့်ပဲ။သူ့ကုမ္ပဏီမှာ လူလိုနေတယ်ပြောတယ်။မင်းဝါသနာနဲ့တော့ ကိုက်ညီမှာ မဟုတ်ဘူး။သွားလျှောက်ကြည့်လိုက်ပေါ့ အဆင်ပြေရင် လုပ်ကြည့်ပေါ့ကွာ။ကုမ္ပဏီဆိုတော့ အခုအလုပ် ထက်တော့ လစာများမှာပေါ့။"
. . . . .          . . . . . .         . . , .       . . .
ရဲထက်ပြောလိုက်တဲ့ လိပ်စာအတိုင်း ရှာရတာ အခက်အခဲကြီး မဟုတ်ပါဘူး။ခြံဝန်းကျယ်ကျယ်မှာ နှစ်ထပ်တိုက် ခပ်ကြီးကြီးအတွင်းမှာ ကုမ္ပဏီရုံးခန်း ဖွင့်ထားတာပါ။ခြံထဲမှာ သစ်ပင်ပန်းမန်တွေ မျိုးစုံ စိုက်ထားတာကို တွေ့ ရသည်။ဝင်လာတုန်းကတော့ ခြံထိပ်က security ဆီမှာ အစစ်ဆေးခံရသေးသည်။
အလုပ်လာလျှောက်တာပါ ပြောတာတောင် မရ။ ဝန်ထမ်းခေါ်တာ မရှိဘူး ဆိုပြီး မောင်းထုတ်ခံရ သေးသည်။ရဲထက် ပေးလိုက်တဲ့ လိပ်စာကဒ်ကို ထုတ်ပြတော့မှပဲ ပြာပြာသလဲ ဝင်ခွင့်ပေးသည်။
အထဲရောက်သွားတော့လည်း အရှေ့မှာ ကြုံတွေ့ခဲ့ရတဲ့ အတိုင်းပင် စစ်လားဆေးလား မေးလားမြန်းလားနဲ့ပဲ အချိန်ကုန်နေသည်။လိပ်စာကဒ် ထုတ်ပြမှပဲ ကိစ္စပြီးပြန်သည်။လိပ်စာကဒ်ပြလိုက်တာနဲ့ ဒီရုံးက လူတွေ ပုံစံပြောင်းသွားပုံ ထောက်ရင်တော့ ထူးခြားမှု တစ်ခုခုတော့ရှိရမည် ထင်သည်။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now