အပိုင်း ၄၆

3.1K 225 40
                                        

အပိုင်း ၄၆

Unicode

"ညီငယ်....."

ခေါ်သံနဲ့အတူ လက်ကိုဆောင့်ဆွဲခြင်းခံလိုက်ရတာမို့ လက်နဲ့ လုပ်လက်စ အရာတွေ အားလုံး ကြမ်းခင်းပေါ်ပြုတ်ကျကုန်သည်။တော်သေးသည်။မီးဖိုသုံးပြီး ဟင်းချက်နေချိန်မဟုတ်လို့။
သူ ဆွဲလိုက်တဲ့အရှိန်ဟာ
ဟင်းအိုးကို မီးအပူနဲ့ချက်နေချိန်သာ ဆိုရင် အခုချိန် အပူလောင်နေလောက်ပြီ။

သူ့ကို အတင်းဆောင့်ဆွဲသူကို လှမ်းကြည့်လိုက်တော့ တစ်ဇွတ်ထိုးသမား ခေါင်ထက်ဖြစ်သည်။သူ ဒီအချိန် ဆေးရုံမှာ ရှိနေရမှာလေ။ဒီကို ဘာလာလုပ်တာလဲ။
အဝတ်အစားကလည်း ဖရိုဖရဲ။လူကလည်း ညှင်းသိုးသိုး။ခေါင်းက ပတ်တီးအဖွေးစားကလည်း မဖြည်ရသေး။ဆေးရုံကများ ခိုးဆင်းလာသလား မသိပါဘူး။

"ဘာလုပ်တာလဲ"

သူ့ရဲ့အရှိန်ပြင်းပြင်း ဆောင့်ဆွဲလိုက်မှုကြောင့် ဟိန်းစစ် ခန္ဓာကိုယ် တစ်ဝက် သူ့ရဲ့ ရင်ခွင်ထဲရောက်နေသည်။အခုချိန် မီးဖိုချောင်ထဲမှာ သူတစ်ယောက်တည်း မဟုတ်။အခြား ဝန်ထမ်းတွေလည်း ရှိနေသည်။သူတို့နှစ်ယောက်ရဲ့ ကိုးယိုးကားယား ဖြစ်နေတဲ့ပုံစံကို ဝိုင်းကြည့်နေကြတာမို့ ဟိန်းစစ် ရှက်သွားသည်။ဟိန်းစစ် ဝန်ထမ်းတွေ ရှေ့မှာ သူဘာလုပ်တာလဲ။ဒါ ဟိန်းစစ် အရှက်ကွဲအောင် သက်သက်မဲ့ လုပ်နေတာ။သူ့ရင်ခွင်ထဲက ရုန်းထွက်လိုက်သည်။လက်ကတော့ သူ့ဘက်က တင်းတင်းဆုပ်ကိုင်ထားတာမို့ ရုန်းထွက်မရသေးဘဲ သူ့လက်ထဲမှာ ရှိနေသေးသည်။

"လွှတ်....ဒါ ဘာလုပ်တာလဲ။ကျွန်တော့်အလုပ်ကို လာပြီး ကျွန်တော် အရှက်ရအောင် အရှက်လာခွဲတာလား။"

"ငါ မင်းနဲ့ စကားပြောချင်တယ်။
ဒီ့ထက် အရှက်မကွဲချင်ရင် မင်း ငါနဲ့လိုက်ခဲ့"

"ဘာလို့လိုက်ရမှာလဲ။ဒီမှာ အလုပ်လုပ်နေတာ မတွေ့ဘူးလား။ဆိုင်မှာ လူကျနေတာ မမြင်ဘူးလား။ဆရာ ခေါ်တိုင်းလိုက်ရအောင် ကျွန်တော် အားနေတဲ့သူ မဟုတ်ဘူး။လွှတ် ... ကျွန်တော့်လက်ကို"

"မလွှတ်နိုင်ဘူး။မင်းအခု ငါနဲ့လိုက်ခဲ့။မင်းနဲ့ငါ ရှင်းစရာ ရှိတယ်။"

ညီငယ္  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now