အပိုင်း ၃၉

2.8K 192 29
                                    

အပိုင်း ၃၉

Zawgyi

‌"‌ဒေါက်‌. . .‌ဒေါက်‌"

"ဝင်‌ခဲ့ပါ"

ရုံးခန်းတံခါး‌ကို လာ‌ခေါက်‌ပြီး ဝင်‌ခွင့်‌‌တောင်းခံ‌နေသူကို ခွင့်‌‌ပေးလိုက်‌သည်‌။

"ဆရာ"

"ဪ. . စပယ်‌.  .လက်‌မှတ်‌ထိုးစရာ ရှိလို့လား"

"ဟုတ်‌ကဲ့ "

စပယ်‌ ကမ်း‌ပေးတဲ့ ဖိုင်‌ကို ‌ခေါင်‌ထက်‌
ယူပြီး လက်‌မှတ်‌ထိုးကာ ပြန်‌‌ပေးလိုက်‌သည်‌။
ဖိုင်‌ရပြီးတာ‌တောင်‌ စပယ်‌ က မပြန်‌‌သေးဘဲ ရပ်‌‌နေသည်‌။

"‌ပြောစရာကျန်‌‌သေးလို့လား စပယ်‌"

"ဟိုည‌နေ ရုံးဆင်းရင်‌ ဆရာနဲ့အတူ ဆရာ့အိမ်‌လိုက်‌ခဲ့ချင်‌လို့"

"ဘာအတွက်‌လဲ. .စပယ်‌. .ဘာကိစ္စ ရှိလို့လဲ"

"ဟို. .ဆရာ့‌မေ‌မေက စပယ့်‌ကို ထမင်းစားဖိတ်‌ထားလို့ပါ။ဖုန်းဆက်‌ပြီး‌ပြောလို့ပါ"

"‌ဪ. . ဒါဆိုလည်း လိုက်‌ခဲ့‌လေ။"

"ဟုတ်‌ကဲ့။"

‌ခေါင်းပဲညိတ့်‌ပြီး သူ့အလုပ်‌သူ ဆက်‌လုပ်‌‌နေသူကို ‌ကျောခိုင်းကာ စပယ်‌တစ်‌‌ယောက်‌ ထွက်‌လာခဲ့သည်‌။
ဆရာ့အနားမှာ စပယ်‌ ရှိ‌နေတာ အခုဆိုရင်‌ ၃နှစ်‌‌ကျော်‌‌လောက်‌ရှိပြီ။အ‌မေ ဆုံးသွားပြီးကတည်းက ကုမ္ပဏီ မှာ အလုပ်‌ဝင်‌ခဲ့တာဖြစ်‌သည်‌။ဆရာနဲ့ အရင်‌က ‌ကျေးဇူး‌ရှိခဲ့သူအဖြစ်‌ သိကျွမ်းခဲ့‌ပေမယ့်‌ ဆရာ့အ‌ကြောင်း ဘာမှမသိခဲ့‌ပေ။လွန်‌ခဲ့တဲ့ ၃နှစ်‌‌ကျော်‌ ဆရာ့ဆီမှာ အလုပ်‌ဝင်‌ခဲ့ချိန်‌က အရင်‌က သိကျွမ်းသူ ဆရာရဲ့ပုံစံနဲ့ ကွဲပြားသွားတာ‌တွေ့ရသည်‌။သ‌ဘော‌ကောင်းပြီး စမတ်‌ကျကျ‌နေထိုင်‌တတ်‌ပြီး ခန့်‌ညားထည်‌ဝါသူတစ်‌‌ယောက်‌ပါ။ရုပ်‌ရည်‌ကလည်း ခန့်‌ခန့်‌တည်‌တည်‌ရှိသည်‌။
အခု‌တော့ ဆရာဟာ ရုပ်‌ရည်‌အားဖြင့်‌ အနည်းငယ်‌အိုလာပြီ။အသက်‌လည်းကြီးလာပြီ။
ဆရာက ‌ဒေါသကြီးလာသည်‌။အလိုမကျတာ‌တွေများလာသည်‌။ကျန်းမာ‌ရေး အ‌နေနဲ့ ချို့ယွင်းချက်‌ ဖြစ်‌လာပြီ။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now