အပိုင်း၂
zawgyiဟိန်းစစ် နိုးထလာချိန်မှာတော့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။မျက်လုံးရှေ့မှာ တစ်ခုခု ကာထားလို့ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိ လွှမ်းနေသည်။အလင်းရောင်ကို မြင်ရဖို့ လေးလံနေတဲ့ လက်နဲ့ မျက်လုံးရှေ့က ကာစီးထားတဲ့အရာကို ဖြုတ်ပစ်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။လက်တစ်စုံရဲ့ တားမြစ်ခြင်းကို ခပ်ကြမ်းကြမ်းခံလိုက်ရသည်။
''မင်းဘာလုပ်တာလဲ"
"ဟို. . . .ဟို"
"စည်းထားတဲ့ မျက်လုံးအကာကို မဖွင့်ရဘူးလို့ ပြောထားတယ် မလား။စည်းဖောက်တာလား။မင်းပိုက်ဆံ မလိုချင်ဘူး ထင်တယ်။"သြဇာအပြည့်နဲ့ အသံကို ကြားတော့မှ လက်ရှိအချိန် လက်ရှိအနေအထားကို အသိစိတ်က ပြန်လည် ရောက်လာပါတော့သည်။ဟုတ်သားပဲ။ဒီအချိန်ဟာ သူ့အတွက် ပေးဆပ်ထားတဲ့ အချိန်ပဲ။လက်ထဲပိုက်ဆံ မရောက်သေးသရွေ့ သူ့အကြိုက်လိုက်ရဦးမှာပဲ။
"မဟုတ်ပါဘူးခင်ဗျာ။ကျွန်တော် အိပ်ယာက နိုးနိုးချင်းမို့ မေ့သွားလို့ပါ။အခု ဘယ်နှစ်နာရီလောက်ရှိပြီလဲဟင်"
"မနက်ခြောက်နာရီခွဲ ။ခဏနေရင် မင်းပြန်လို့ ရပြီ။မင်းရဲ့ မန်နေဂျာ ခဏနေရင် မင်းကိုလာခေါ်လိမ့်မယ်။"
"ဟုတ်ကဲ့. . .ဟုတ်ကဲ့ . . ဒါနဲ့ခင်ဗျ ကျွန်တော် ရမယ့် ပိုက်ဆံ တစ်ခါတည်း ပေးလိုက်မှာလားဟင်"
"ပေးလိုက်မှာပါ။ဒါပေမဲ့ အပြည့်တော့ မရဘူး။"
ပိုက်ဆံအပြည့်မရဘူး ဆိုတဲ့ စကားကြောင့် ခေါင်းနပန်း ကြီးသွားပါသည်။နာကျင်မှုကိုတောင်မေ့ပြီး နေရာရွေ့ ထိုင်လိုက်တဲ့အထိပါ။သူ့ခန္ဓာကိုယ်နဲ့ အနည်းငယ်ထိမိသွားတာကိုတော့သတိထားမိလိုက်သည်။
"ဗျာ. . . ဘာဖြစ်လို့လဲဟင်။အစကတည်းက ငွေကိစ္စညှိပြီးသားလေဗျ""အစက ညှိပြီးသားမှန်ပေမယ့် အခုဟာက မင်းဘက်က စပြီးပျက်ကွက်တာလေ။တစ်ညလုံးစာအတွက်ဆိုပြီး
ကြေးကြီးကြီးပေးထားတာ။ငါ့စိတ်မကျေနပ်သေးတဲ့ အချိန်မှာပဲ မင်းက အိပ်ပျော်သွားတယ်လေ။နာရီပိုင်းအချိန်ကို အဲ့လောက်များတဲ့ ပိုက်ဆံပေးလိုက်ရအောင် ငါမအသေးဘူး။မင်းဘက်က ပျက်ကွက်တဲ့အတွက် ပြစ်ဒဏ်အနေနဲ့ ပိုက်ဆံတစ်ဝက်ပဲ ပေးနိုင်မယ်။ဒါတောင် ငါ့ဘက်က အများကြီးလိုက်လျော ပေးထားတာ။ကျေနပ်တာ မကျေနပ်တာ မင်းအပိုင်းပဲ။မကျေနပ်လို့ ပိုက်ဆံတစ်ပြားမှ ယူမသွားဘူး ဆိုရင်လည်း မင်းသဘောပဲ။ငါ့ဘက်ကတော့ အပြည့်ပေးဖို့ အစီအစဉ် မရှိဘူး။"
YOU ARE READING
ညီငယ် (ညီငယျ ) Zawgyi and Unicode
RomanceNote စာဖတ်သူများ ချစ်ပရိသတ်များ မင်္ဂလာပါ ဒီ ဝတ္ထု ကို စဉ်းစားထားတာ ကြာပေမယ့် မရေးဖြစ်ခဲ့ဘူး။ ရေးဖြစ်ပြန်တော့လည်း အများကြီး စဉ်းစားပြီးမှ တင်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ စာဖတ်သူတွေထဲမှာ အရွယ်သုံးပါး ကျား၊မ မရွေးပါဝင်နိုင်တဲ့အ...