“မေမေ ကလည်း ဆရာဝန်လာကြည့်ပြီးသွားပြီမလား.ကျွန်တော်က ဆရာဝန်လည်းမဟုတ်တဲ့ဟာကို.သူ့ဘာသာသက်သာလိမ့်မပေါ့.”

“မေမေ့သားက ဘယ်တုန်းက ဒီလို စိတ်ရှိသွားတာလဲ ။အွန်းလေး.. လေ။ ကလေးကို သားကစောင့်ရှောက်ရမှာပေါ့. ဟိုမှာ ကိုကိုလို့တစ်ချိန်လုံးခေါ်နေတာကို.။သွား-- အွန်းလေးနား နေလိုက်.။ဒီနေ့ မင်း ဖေဖေ ကိုလည်းပြောပြီး ကုမ္ပဏီခွင့်တင်လိုက်.”

သူဌေးကတော်ပတ်က ချန်းယောလ်ကို အတင်းဆွဲထစေတော့မှ ချန်းယောလ် ဆံပင်ဖြူတွေထဲ လက်ထဲဖွပစ်လိုက်ရင်း စိတ်ရှုပ်စွာ ထလိုက်လာရတော့သည်။ ဘတ်ဟျွန်းအခန်းထဲရောက်တော့ ဆရာဝန်တော့မရှိတော့။ သူဌေးကတော်ပတ်က ချန်းယောလ် လက်ကိုဆွဲလျက် ဘတ်ဟျွန်းကုတင်စွန်းတွင် ထိုင်စေသည်။

“အွန်းလေး-ကိုကို လာပြီနော်. ဒီမှာ မေမေခေါ်လာခဲ့ပေးတယ်။ ခဏနေ အစာစားပြီးဆေးသောက်ရမယ်နော်”

“ဟုတ် ကဲ့.”

ဟုတ်ကဲ့ ဟူသောသံရှည်ဆွဲသံလေးက ချစ်ဖွယ်အတိမို့ သူဌေးကတော်ပတ် ပြုံးမိရင်း ဘတ်ဟျွန်းအတွက် အစားအစာကိုယ်တိုင် ပြင်ဆင်ဖို့အခန်းထဲက ထွက်သွားခဲ့သည်။မျက်လုံးမှေးမှေးလေးတွေ မပွင့်တပွင့်နှင့် ဘတ်ဟျွန်းက ချန်းယောလ် လက်တစ်ဖက်ကို လာကိုင်သည်။

“ဖခမည်းတော်ရော.မယ်မယ်နဲ့ အကိုတော်ကိုရော အရမ်းလွမ်းတယ်။”

ဖျားနေသည်မို့အသံသေးသေးလေးက ခပ်အက်အက်ပင်ဖြစ်နေသေးသည်။ချန်းယောလ် မျက်လုံးစွေကြည့်လိုက်ရင်း-

“ဒါဆို ပြန်ပေါ့.။ဘယ်သူက ဆွဲထားလို့လဲ။ မင်း ကိုယ့်အိမ်ကိုပြန်ရင် မေမေကလည်း ဘယ်တတ်နိုင်မှာလဲ.။ကြာရင် မင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပဲလေ.။မဟုတ်တောင် မင်း က အွန်းလေး မှမဟုတ်တာ။”

“ပြန်ပို့ပေးပါလား.။ကျွန်တော် ဒယ်ဂုံကို ဘယ်လိုပြန်ရမှန်းမသိလို့နေရတာကို. နေချင်တယ်လို့များ မှတ်နေလား။ဘာလို့မှန်းမသိပေမယ့် ကိုကိုက ဘာလို့ ကျွန်တော့်ကိုတစ်ချိန်လုံး နှင်ထုတ်ချင်နေရတာလဲ.”

လက်ထပ်လက်စွပ်ကလေးWhere stories live. Discover now