"ငါလဲ အင်း..ငါလဲ တွေးနေပါတယ်"

"ဘယ်လို! ငယ်ကမငြင်းတော့ဘူးပေါ့ဟုတ်လား လက်ခံမယ်ဆိုတဲ့သဘောလား ဟင် ငယ်"

ကုတင်ပေါ်လှဲအိပ်နေရာကနေ ဇိုးကနဲဇတ်ခနဲ ထ,လာပီး လက်မောင်းနှစ်ဖက်ကို ကိုင်လှုပ်နေတော့ Saintပြုံးချင်ချင်အနေအထားနဲ့ မျက်နှာမထားတတ်
အောင်​ဖြစ်သွားရသည်......

"အင်း..ဒါပေမဲ့..ဒီတလအတွင်းတော့ မရသေးဘူးနော်...ငယ်အလုပ်ကိစ္စတွေမပီးပြတ်သေးဘူး"

"အင်းအင်း...အင်းပါ..တလလောက်တော့ ကျွန်တော်စောင့်နိုင်တာပေါ့ ငယ်ရ....ဟဟ ယောကျာ်းယူရတော့မယ် ငယ်နဲ့ယူရတော့မယ်"

အခန်းပတ်ပတ်လည်က လိုက်ကာစတေကို ဆွဲချကာ
ပြတင်းပေါက်စီ မျက်နှာမူရင်း လက်သီးလက်မောင်းတန်းချင်နေသော perthနောက်ကျောကို saintလက်ကလေးပိုက်ထားလျက် ငေးကြည့်မိသည်...

သိပ်လိုချင်တပ်မက်ရသည့် အရုပ်ကလေးရတော့မည်ကို စိတ်လှုပ်ရှားဝမ်းသာနေသော ကလေးတယောက်သဖွယ်......သူ့ကောင်လေးသည် ပကတိ ဖြူစင်လှသည်....

ကိုယ့်အိမ်ထောင်ဖက်ဟာ ဒီကောင်လေးလို့ တွေးကြည့်မိတော့...ရင်ထဲက သံစဥ်တေဟာ တငြိမ့်ငြိမ့်....
ဒီကောင်လေးဟာ သူအားကိုးရတဲ့သူ....သူချစ်မြတ်နိုးရတဲ့သူ....သူမြတ်မြတ်နိုးနိုးရွေးချယ်ခဲ့သူ.....

ဝက်ဝံစွပ်ဖိနပ်ကြီးစီးပီး...မျက်မှောင်ကုပ်တေနဲ့ စွာတေးလန်တဲ့ ကောင်လေးမဟုတ်တော့....အရည်လဲ့နေတဲ့ eyesmileလေးတေနဲ့ ကိုယ့်ကို ငေးကြည့်ပီး..တကမ္ဘာထင်မှတ်ပေးထားသူ.....

ကိုယ့်နှုတ်ခမ်းတေကိုနမ်းပီး အချိန်တေမေ့ထားချင်ပါသတဲ့လေ.... ရင်ခွင်ထဲသိမ်းဖက်ပီးပေးတတ်တဲ့ ကောင်လေးရဲ့ အကြင်နာတေက သူ့အတွက် သိပ်နွေးထွေးသည်ဆိုပါလျင်.....

သူ့ချစ်သူကောင်လေးသည်...သူ့အား အရိပ်တကြည့်ကြည့်စောင့်ရှောက်တတ်သည့်...လူကြီးပေါက်စလေးဆိုပါလျင်.....

ဆန္ဒရှိပါသည်...နံနက်နိုးထချိန်သာမက သန်းခေါင်ယံလန့်နိုးတတ်ချိန်တေမှာပါ...ဒီကောင်လေးကို တွေ့မြင်ရဖို့....

ကိုယ့်ဘေးမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေမည့် ကောင်လေး၏ နှာခေါင်းထိပ်ကမှဲ့ရေးရေးလေးကို
ခိုးနမ်းရဖို့...

Be in love❤️🖤Where stories live. Discover now