Arc 4:Bully the Female Lead(1)

3K 310 27
                                    

Zawgyi Version

Arc 4:Bully the Female Lead အပိုင်း(၁)

🍁🍁🍁🍁🍁

လင်းရွှယ်၏ဝိဥာဏ်သည် ဝေ့ယန်ကိုယ်ထဲမှ
ထွက်ခွာသွားပြီးနောက် မြူတွေမှိုင်းနေသည့်
်ဟင်းလင်းပြင်ကြီးထဲသို့ ပြန်လည်ရောက်ရှိလာသည်။

"520!!!!''

".........''

ဘာတုန့်ပြန်သံမှမကြားရ။

အာ....နေပါဦး။သူ့ရဲ့ update မြှင့်တင်မှုကြီးက
အခုချိန်ထိမပြီးသေးဘူးလားဟ!!

လင်းရွှယ်သည်စိတ်ပေါက်ပေါက်နှင့်
ထိုင်နေလိုက်သည်။

ကိစ္စမရှိပေ။သူမမှာတွေးစရာ၊စဉ်းစားစရာ
ကိစ္စတွေအများကြီးရှိသည်မဟုတ်ပါလား။
ထို့ကြောင့် 520ပြန်မရောက်မချင်းသူမ စဉ်းစား၍
ရသည်။

သူမစဉ်းစားနေသည်က ယန်ရှီးနှင့်ချူဟန်။
ယန်ရှီး၏အကျင့်တစ်ခုသည် သူမ၏မေးဖျား၊မေးစေ့အားအမြဲနမ်းတတ်သည်။
ချူဟန်သည်လည်း ထိုသို့ပင်သူမအားနမ်းသည်။

နောက်တစ်ချက်သည် ချူဟန်ကသူမအား
လင်းရွှယ်ဟုခေါ်ခြင်းပင်။သူမသည်ထိုအချိန်တွင်
ဝေ့ယန်အဖြစ်ရှိနေခြင်းဖြစ်သည်။ဘာကြောင့်
ချူဟန့်ပါးစပ်ကလင်းရွှယ်ဟုထွက်လာလည်း
ဆိုသည်ကိုသူမမသိပေ။

မဟုတ်မှ......

ယန်ရှီးလိုက်လာခဲ့တာလား!?

လင်းရွှယ်၏နှလုံးသားလေးသည်
ခပ်ပြင်းပြင်းခုန်လှုပ်နေလျက်။
ခြေဖျားလက်ဖျားများသည်အေးစက်ကာ
တုန်ယင်လာခဲ့သည်။

မဖြစ်...မဖြစ်နိုင်တာ.......!!

"ကလေးဘယ်သွားသွား ကိုယ်လိုက်လာခဲ့မှာ...
အဲ့ဒါကြောင့်အဲ့လိုစကားတွေမပြောနဲ့!
ဘယ်လောက်ဘဲဝေးကွာနေနေ ကိုယ်ကလေးဆီကို
မရောက်ရောက်အောင် လာမှာ။အဲ့တာကိုတော့ယုံပေး။''

ယန်ရှီးပြောခဲ့သည့်ထိုစကား။သူမယုံပေးရမှာလား?
သူမနောက်ကိုလိုက်လာခဲ့တယ်ဆိုတာ....။

တကယ်လို့ယန်ရှီးသာ သူမနောက်ကိုလိုက်လာခဲ့တယ်
ဆိုရင် သူမဒုတိယတာဝန်တုန်းက မသေဘဲနဲ့ရုတ်တရက်ကြီး
System spaceထဲပြန်ရောက်လာတာ
လုံးဝသွေးရိုးသားရိုးမဟုတ်ဘူး။

Mr.Villain Please Give Me Your LoveWhere stories live. Discover now