Arc 2:Sugar Daddy(5)

6.4K 625 5
                                    


Zawgyi Version

Arc 2:Sugar Daddy အပိုင်း(၅)

⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

"သခင်လေးယန်ရှီး...?''

ရှေ့မှောက်မှာထိုင်နေတဲ့သူကိုကြည့်ပြီး
လောင်ရီမေးလိုက်သည်။

ယန်ရှီးသည် အနည်းငယ်မျှပင် လှုပ်ရှားခြင်း
မရှိ။ငြိမ်သက်စွာထိုင်နေသည်။
ယန်ရှီးသည်နောက်မှရောက်လာသူဖြစ်သော်လည်း
သူဘာမျှပြန်မပြောရဲပေ။

ရှေ့မှာရှိနေသည့် အရှိန်အဝါ၊သြဇာအာဏာ၊
အရာအရာပြည့်စုံလွန်းသည့် ယန်ရှီးအားကြည့်ကာ
ပဟေဠိများစွာဖြစ်ပေါ်နေသည်။

"လင်းရွှယ်နဲ့ ဘယ်လိုသိတာလဲ..?''

၅မိနစ်ခန့်ငြိမ်သက်နေပြီးနောက်မှာ
ပထမဦးဆုံးမေးလာသည့်စကား။
လောင်ရီသည် လန့်လည်းလန့်သွားသလို
အံ့လည်းအံ့သြသွားသည်။

လင်းရွှယ်အကြောင်းမည်သို့ပါလာသနည်း။
ထိုသူပြောမှပင် သူလင်းရွှယ်နှင့်ခြောက်နာရီချိန်း
ထားသည်ကိုပြန်သတိရသွားသည်။
လင်းရွှယ်သည်ယခုအထိ ရောက်မလာသေး။

အဲ့ဒီအစား သူ့ရှေ့မှာယန်ရှီးကရောက်နေသည်။

သူယန်ရှီး၏အမေးကိုမဖြေရသေးမှီမှာပင်
ထိုသူ၏နောက်၌ရပ်နေသော အတွင်းရေးမှူးဟု
ထင်ရသည့်သူသည်ပြောလာသည်။

"သခင်မလေးနဲ့ မပတ်သက်ဖို့သတိပေးချင်လို့ပါ''

ဟမ်?ဘာသတိပေးချင်တာ....။
လောင်ရီနားမလည်နိုင်ဖြစ်နေတဲ့အချိန်မှာဘဲ
ယန်ရှီးဟာထထွက်သွားတော့သည်။

အဲ့ဒီအချိန်မှာဘဲ ယန်ရှီးထိုင်ခဲ့တဲ့
ခုံကိုဝင်ထိုင်လိုက်သည့် မတ်တပ်ရပ်နေသောလူ။

"ဒီလိုပါ ကျောင်းသားလောင်ရီ။ မင်းကိုသခင်မလေးလင်းရွှယ်နဲ့ မပတ်သက်ဖို့
သတိပေးချင်တာပါ။ဘာလို့ဆိုရင်
သခင်မလေးလင်းရွှယ်က သခင်လေးယန်ရှီးရဲ့
အဟမ်း..ချစ်သူပါ။''

ရှေ့မှလူ၏ပြောစကားအဆုံးပြောစရာ
စကားမဲ့သွားတဲ့လောင်ရီ။
ထိုလူကတော့ဂရုမစိုက်စွာဘဲ ဆက်လက်ပြောဆို
လာသည်။

Mr.Villain Please Give Me Your LoveWhere stories live. Discover now