Arc 2:Sugar Daddy(1)

8.1K 720 30
                                    

Zawgyi Version

Arc 2:Sugar Daddy အပိုင်း(၁)
⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

သူမရဲ့မျက်ဝန်းတွေ ပွင့်လာတဲ့အခါမှတော့
သူမဟာ အခန်းတစ်ခန်းထဲကိုရောက်လို့နေတယ်။

ရုတ်တရက်ဘဲသူမပတ်ဝန်းကျင်ကိုတောင်
မလေ့လာရသေးဘူး။အချက်အလက်တွေက
သူမခေါင်းထဲကိုထိုးဝင်လာတယ်။

ဒီဝတ္ထုက ရိုးသားတဲ့ကြာပန်းဖြူလေးဇာတ်လမ်း။
အဓိကဇာတ်လိုက်မင်းသမီးက မုရုံရုံ။
အဓိကဇာတ်လိုက်မင်းသားက ကျိုးဖန်။
Mr.Villain ကတော့ ယန်ရှီး။

သူမကတော့ လင်းရွှယ်။ အင်းမှန်တယ်။
လင်းရွှယ်။ သူမရဲ့နာမည်အစစ်။

သူမက အထက်တန်းကျောင်းသူလေး။
လင်းရွှယ်နဲ့မုရုံရုံနဲ့က သူငယ်ချင်းတွေ။
နှစ်ယောက်စလုံးရဲ့ ငွေကြေးအခြေအနေက အတူတူ
မို့လို့ပေါင်းဖြစ်နေကြတာ။

ကျိုးဖန်က နာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ ဒါရိုက်တာ။
စားသောက်ပွဲတစ်ခုမှာ မုရုံရုံနဲ့ကျိုးဖန်နဲ့
တွေ့ကြတယ်။ စားသောက်ပွဲမှာ ဆင်းရဲလို့အနိုင်ကျင့်ခံနေရတဲ့ မုရုံရုံ။ဒါပေမယ့်သူမဟာ
သူများတွေလိုခေါင်းငုံ့ခံမနေဘဲ ပြန်လည်ရင်ဆိုင်တယ်။
သူမရဲ့ မခံချင်စိတ်ရှိတဲ့ပုံစံကိုတွေ့ပြီး ကျိုးဖန်ကသဘောကျသွားတယ်။ နွေရာသီပိတ်ရက်တွေမှာ ကျိုးဖန်ရဲ့ကုမ္ပဏီမှာ
ဝင်အလုပ်လုပ်ရင်းနဲ့ ပြန်တွေ့တော့ကျိုးဖန်က
အရင်ချဉ်းကပ် ။နောက်တော့နီးစပ်သွားပြီး
ချစ်ကြိုက်သွား။ဒါပါဘဲ။

သူမကကော? မုရုံရုံရဲ့သူငယ်ချင်းဖြစ်တဲ့သူမက
မုရုံရုံနဲ့မင်းသားနဲ့တွေ့ဖို့အတွက် အသုံးချခံလေးတစ်ခုဘဲ။ နွေရာသီပိတ်ရက်မှာ
အတူတူအလုပ်လုပ် ဖို့အတွက်ခေါ်တာလည်းသူမဘဲ။
မုရုံရုံကကျိုးဖန်နဲ့ညားသွားချိန်မှာ သူမကတော့သာမာန်
စာရင်းကိုင်လေးအဖြစ်သာ ကျန်ခဲ့တော့တယ်။

အဓိပ္ပါယ်မရှိလိုက်တာ!!ဒီလောက်သေးတဲ့
နေရာကိုသူမကရတယ်!အရံဇာတ်ကောင်အဆင့်တောင်
မရှိဘူး။ဒါမျိုးက လုံးဝဖြတ်လျှောက်အဆင့်လောက်ဘဲ!!

ဝတ္ထရဲ့ ဗီလိန်ကတော့ အင်း။
သူလည်းသနားစရာလေးဘဲ။ Fနိုင်ငံကြီးရဲ့
အကြီးကျယ်ဆုံးသော မြေအောက်ဂိုဏ်းခေါင်းဆောင်။

Mr.Villain Please Give Me Your LoveWhere stories live. Discover now