Arc 3:စွမ်းအင်အရှင် မှော်သခင်(1)

8.1K 552 64
                                    

Zawgyi Version

Arc 3:စွမ်းအင်အရှင် မှော်သခင် အပိုင်း(၁)

🍁 🍁 🍁 🍁 🍁

System:Mis.Lin!Mis.Lin!

စက်ရုပ်သံနှင့်တဂျီဂျီ သူမနာမည်အား
ခေါ်နေသောကြောင့် လင်းရွှယ်ခေါင်းကိုက်နေသည့်
ကြားမှမျက်လုံးဖွင့်လိုက်ရသည်။

သူမရောက်နေတာက ဂူတစ်ဂူ။
ကျောက်ဖြာကြီးတစ်ချပ်ပေါ်တွင်
သူမထိုင်လို့နေသည်။

System:မဂ်လာပါMis.Lin!အခုချိန်ကစပြီးတော့
Missionပြီးဆုံးမှုအတွက် Point များနှင့်
သတ်မှတ်ပေးတော့မှာဖြစ်ပါတယ်။Point 100000
ပြည့်တာနဲ့ မူလကမ္ဘာကိုအလိုလိုပြန်ရောက်
သွားတော့မှာဖြစ်ပါတယ်။လက်ရှိ Pointကတော့
0ဖြစ်ပါတယ်။

လင်းရွှယ်မှာ system၏အပြောကြောင့်
သွေးတစ်ပွက်အန်ထုတ်လိုက်ရသလိုပင်
ခံစားလိုက်ရသည်။

သုညတွေတန်းစီနေသည့် Pointနှင့်
သူမတွင်ရှိနေသည့် ဘဲဥမကွဲသည့်Pointကိုကြည့်
ရင်းပင်မနေနိုင်မထိုင်နိုင် systemအားနရင်းပိတ်အုပ်ချင်လာသည်။

လင်းရွှယ်:Pointနဲ့သတ်မှတ်တယ်ဆိုရင်
အရင်ကမ္ဘာနှစ်ခုတုံးကPointတွေကဘယ်ရောက်
သွားတာလည်း!အိမ်သာတွင်းထဲကျသွားတာလား!?

System:''...''

ရုတ်တရက်ကြီး Mis.Linဒေါသထွက်နေသလိုဘဲနော်။

System:အရင်ကမ္ဘာနှစ်ခုကိုလေ့ကျင့်လိုက်ရတဲ့
ကမ္ဘာလို့သဘောထားလို့ရပါတယ်Mis.Lin

လင်းရွှယ်:''...''

ဂျင်းကောင်system!!
ဟမ့် ကောင်းပြီလေ။နင်ကအဲ့လိုသောက်ကျင့်
ယုတ်မှတော့ ငါလေးကဘာကိစ္စပြန်ပြီး
သောက်ကျင့်မယုတ်ရဲရမှာလည်း!

လင်းရွှယ်: System!နင့်မှာကိုယ်ပိုင်နာမည်ရှိလား?

System:ရှိပါတယ်။520လို့ခေါ်နိုင်ပါတယ်။

"ခွီး...!''

Systemရဲ့ ကိုယ်ပိုင်နာမည်လေးကြောင့်
လင်းရွှယ်တစ်ယောက် ရယ်မိလိုက်တော့သည်။

520:''...''

စဉ်းစားကြည့်ကြစမ်းပါ။520ဆိုတာ 5လပိုင်း20ရက်နေ့
တရုတ်ချစ်သူများနေ့ကြီး။
သူမရယ်တာလည်း မမှားဘူးလေနော့်။

Mr.Villain Please Give Me Your Loveحيث تعيش القصص. اكتشف الآن