Arc 3:စွမ်းအင်အရှင် မှော်သခင်(4)

4.7K 519 16
                                    

Zawgyi Version

Arc 3:စွမ်းအင်အရှင် မှော်သခင် အပိုင်း(၄ )

🍁 🍁 🍁 🍁 🍁

သစ်လုံးအိမ်လေးထဲဝင်သွားတဲ့ နတ်ဝိစ္ဇာကြီးကြောင့်
အပြင်ကလူစုလူရုံးကြီးခမျာ လိုက်ဘဲဝင်ရတော့မလို
ရပ်ဘဲကျန်နေခဲ့ရတော့မလိုဖြစ်နေကြတယ်။

အဲ့ဒီအချိန်မှာ သူတို့သွားသတိရလိုက်တာက
နတ်ဝိစ္ဇာကြီးခေါ်လာတဲ့ နတ်အမြူတေအဆင့်
ရှိတဲ့လင်းချုံးဂိုဏ်းသားရှောင်းကျန်း။

အခြားသူတွေကတော့ဖြင့် သူ့နာမည်ကို
သိပ်မသိကြသော်လည်းဂိုဏ်းချုပ်ဖြစ်တဲ့ကျူးကျန်း
ကတော့တပည့်တစ်ယောက်ဖြစ်တာမို့လို့သိလို့နေတယ်။

"ရှောင်းကျန်း...ဘယ်လိုဖြစ်လာတာလဲ?''

သိချင်စိတ်ကြောင့် လူတိုင်းရဲ့မျက်လုံးဟာတဖျက်ဖျက်လက်ပြီး
အရောင်ထနေတယ်။

ကြောင်တောင်တောင်ဖြစ်နေသေးတဲ့
ရှောင်းကျန်းသည်ကတော့တစ်လုံးမျှမဟနိုင်ရှာသေးပေ။
ကျန်သူများကလည်းရှောင်းကျန်းအပြောအား
စိတ်ရှည်စွာဖြင့်စောင့်ဆိုင်းလို့ နေကြသည်။

"ဆရာ...အဲ့တာက အရှင်သခင်နဲ့..ချန်မင်နဲ့
တိုက်ခိုက်ခဲ့ကြတယ်။''

"ဘယ်လိုတိုက်ခိုက်ခဲ့ကြတာလဲ?''

တောင်သခင် အကြီးအကဲတစ်ဦးကသိချင်စောဖြင့်
ဝင်မေးလာသည်။
ကျန်သူများကလည်း'မြန်မြန်ပြော'ဆိုသည့်အမူအရာများကိုချိတ်ဆွဲလို့ထားသည်။
ရှောင်းကျန်းသည်အပြစ်ရှိသည့်လူတစ်ဦးပမာ
ခေါင်းငုံ့လို့ထားသည်။

"တကယ်တော့ ချန်မင်ကတပည့်ကိုလာသတ်တာ...
အဲ့တာကိုအရှင်သခင်ဝေ့ယန်က ကယ်ခဲ့တာ..''

ရှောင်းကျန်းစကားအဆုံးတွင်
လူတိုင်း၏မျက်ဝန်းများသည်မယုံမကြည်နိုင်ဟန်နှင့်
်ပြူးကျယ်လို့လာသည်။

အရှင်သခင်ဝေ့ယန်က အပြင်ကိုထွက်သွားတယ်
ဆိုတာကတင်အကြီးကြီးရှော့ရစရာဖြစ်လို့နေပြီ။
ယခုဂိုဏ်းသားငယ်လေးတစ်ယောက်ကိုပါ
ကယ်တင်ခဲ့တယ်ဆိုတာက........ရှားရှားပါးပါးဖြစ်စဉ်ကြီးဘဲ!

Mr.Villain Please Give Me Your LoveWhere stories live. Discover now