Arc 2:Sugar Daddy(Final)

7.2K 624 30
                                    

Zawgyi Version

Arc 2:Sugar Daddy အပိုင်း(၇)
Final Part Of Sugar Daddy

⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

လင်းရွှယ်ရဲ့နေ့ရက်တွေဟာ အလွန်ပင်ကောင်းစွာ
ကုန်ဆုံးလို့နေသည်။သူမရဲ့ဝမ်းဗိုက်က
ဒဏ်ရာပြန်ကောင်းလာသည့်အချိန်မှစ၍
ယန်ရှီးသည် သူမအားတစ်ယောက်တည်း
အပြင်မလွှတ်တော့ပေ။

မည်မျှပင်အချိန်မရှိစေကာမူ ထိုလူသားသည်
သူ၏အချိန်များကိုဖဲ့ကာ လင်းရွှယ်နှင့်ကုန်ဆုံးသည်။
တစ်ခါတစ်ရံလင်းရွှယ် စိတ်ကောက်သည်၊
ဒါမှမဟုတ် သူမတစ်ခုခုကိုမကျေမနပ်ဖြစ်သည်
ဆိုလျှင် သူသည်ထိုနေ့တစ်နေ့လုံးဘယ်မှ
မသွားဘဲ သူမအနားတွင်သာနေလျက်
သူမကိုအဖော်ပြုပေးသည်။

ဇာတ်လိုက်မင်းသား ကျိုးဖန်ကိုတော့သူမရဲ့
မသတ်ပါနှင့်ဟုတောင်းဆိုမှုကြောင့်
ယန်ရှီးသည်သူ့အားမသတ်ခဲ့ပေ။
လွှတ်ပင်လွှတ်ပေးခဲ့ပါသော်လည်း
ကျိုးဖန်သည် တောင်ပေါ်ဒေသဘက်သို့
သွားကာ သူ့ကိုယ်သူသေကြောင်းကြံစည်လေသည်။

သေကြောင်းကြံစည်သည်ဆိုသည်ထက်
ချောက်ထဲသို့ပြုတ်ကျသွားကာသေသွားသည်ဆိုလျှင်
ပိုမှန်ပေလိမ့်မည်။

မည်သို့ဆိုစေကာမူ သူမသည်အပြစ်ကင်းပေသည်။

ဟုတ်တယ်လေ။ငါလေးကသနားညှာတာစွာနဲ့
ဇာတ်လိုက်ကိုလွှတ်ပေးလိုက်တာဘဲလေ။
သူ့ဟာသူသေကြောင်းကြံသွားတာတော့
ငါလေးလည်း မတတ်နိုင်ပေါင်။

System:Mis.Lin ကျေးဇူးပြုပြီး
ကိုယ့်ဘက်ကိုယ်ယက်နေတာလေးကိုလျှော့ချစေချင်ပါတယ်။

လင်းရွှယ်: အန်..အို..နိုး

System:Mis.Lin...

လင်းရွှယ်:Any Problem??

သောက်ကျိုးတွေနည်းကုန်ပြီ။ Mis.Linကို
ကျေးဇူးပြုပြီးအပြစ်ကင်းတဲ့ပုံစံလေးလုပ်တာလျှော့ပေးပါလို့ပြောပေးကြပါ!

System၏ အတွေးများကိုမသိစွာဘဲလင်းရွှယ်ဟာတော့
ကိုယ့်ကိုယ်ကိုဂုဏ်ယူနေလေရဲ့။

လင်းရွှယ် နောက်ဆုံးနှစ်ကျောင်းပြန်တက်သည့်
အချိန်တွင်လောင်ရီအားသိပ်မတွေ့ရတော့ပေ။

Mr.Villain Please Give Me Your LoveWo Geschichten leben. Entdecke jetzt