Arc 3:စွမ်းအင်အရှင် မှော်သခင်(6)

5.6K 559 74
                                    

Zawgyi Version

Arc 3:စွမ်းအင်အရှင် မှော်သခင် အပိုင်း(၆)

🍁 🍁 🍁 🍁 🍁

ယွမ်မင့်နောက်ကနေ လိုက်လာခဲ့သော်လည်း
ကြာလေလေတောနက်ကဲ့သို့သောနေရာသို့သာ
ရောက်လာလေလေနှင့် လူတစ်ကောင်ကြောင်တမြှီးမှ
မတွေ့ရတော့ချေ။

မသင်္ကာစိတ်နှင့်သတိကပ်၍လိုက်လာခဲ့ပြီးနောက်
မှာတော့မျက်စိရှေ့တည့်တည့်တွင်ဂူကြီးတစ်ဂူကို
တွေ့ရတော့သည်။

ဂူကြီးသည်အခြားဂူများနှင့်မတူဘဲလေးထောင့်
သဏ္ဍာန်ကျနေသည်။သဘာဝအတိုင်းဖြစ်ပေါ်နေသည့်
ဂူအမျိုးအစားမျိုးမဟုတ်ဘဲ တီထွင်ဖန်တီးထားသည်နှင့်တူသည်။

ဂူရှေ့ပတ်ပတ်လည်တွင် မိစ္ဆာစွမ်းအားအချို့ကို
တွေ့မြင်နေရသည်။ယွမ်မင်သည်ထိုမိစ္ဆာစွမ်းအင်များကြားသို့ လွယ်လွယ်ကူကူတိုးဝင်နိုင်သော်လည်း
ဝေ့ယန်မှာမူ ရပ်ကျန်နေခဲ့သည်။

ဝေ့ယန်ရပ်သွားသည့်အခါယွမ်မင်လည်း
သတိထားမိသွားသည်ထင်သည်။အနောက်သို့ပြန်လှည့်လာသည်။

"ဒီအရံအတာစည်းကိုကျွန်တော်မဖြတ်တတ်ဘူး။
ခင်များဖြတ်တတ်ရင်တော့ဝင်လာခဲ့''

ငါသူ့ကိုအခုချက်ချင်းသတ်လိုက်လို့ ရမလား?

သူကမိစ္ဆာခေါင်းဆောင်ရဲ့တူဆိုတာသေချာရဲ့လား?
တစ်ခုခုများမှားနေတာလား...!?
ဘာလို့ဒီစည်းလေးတောင်မဖြတ်နိုင်ရတာလဲ!?

အမြင်ကပ်စွာနှင့်ပင်ဝေ့ယန်မှာ မန္တန်သုံးကာ
ထိုအတားအဆီးကိုဖြုတ်ချပစ်လိုက်သည်။

ယွမ်မင်မှာအတန်ငယ်မျက်မှောင်ကြုတ်
်လိုက်သော်လည်းဘာမျှမပြော။ရှေ့သို့ပြန်လှည့်ကာ
ဂူထဲသို့ဝင်သွားလေသည်။

ဝေ့ယန်လည်းဂရုမစိုက်သည့်အထာဖြင့်နောက်မှ
လိုက်ဝင်တော့သည်။
ဂူအတွင်းပိုင်းတွင်ရေစက်ကျသံ တစ်တောက်တောက်နှင့် အတန်ငယ်ခြောက်ခြားစရာ
ကောင်းနေသည်။

ဂူအတွင်းပိုင်းအနည်းငယ်လင်းနေသည့်နေရာ
တွင်နေရာကွက်ကလေးတွင်ကျောက်ဖြာကြီးတစ်ခု
ကိုတွေ့ရသည်။ထိုကျောက်ဖြာပေါ်တွင် လူတစ်ယောက်သည် ဖျော့တော့စွာလဲလျောင်းနေလေသည်။

Mr.Villain Please Give Me Your LoveWhere stories live. Discover now