Arc 1:My Lucifer Lord(1)

12.1K 783 56
                                    

Zawgyi Version

Arc 1: My Lucifer Lord အပိုင်း(၁)

⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐⭐

လင်းရွှယ်ရဲ့မျက်လုံးဟာ အသာပွင့်လာခဲ့တယ်။
နာကျင်မှုကြောင့် အသံသဲ့သဲ့ထွက်ပြီး ညည်းညူလိုက်တယ်။ ဝန်းကျင်တစ်ခွင်မြင်နေရတဲ့
ပိန်းပိတ်အောင် မှောင်မည်းနေမှုကြောင့်လည်း
မျက်မှောင်အသာကျုတ်လိုက်တယ်။

သူမရဲ့ခေါင်းထဲကို အချက်အလက်ပေါင်းများစွာ
ထိုးဝင်လာမှုကြောင့် သူကကြိမ်ဆဲမိမတတ်ဘဲ။

ဒီနေရာဟာ မြေအောက်ကမ္ဘာလို့ပြောလို့ရတယ်။
မကောင်းဆိုဝါးတွေ နတ်ဆိုးတွေတည်ရှိနေတဲ့နေရာပေါ့။
သူမက နတ်ဆိုးတစ်ကောင် တနည်းအားဖြင့်Luciferလို့လည်း ပြောလို့ရတယ်။

နေပါဦး! Lucifer....တစ်နေရာရာမှာရင်းနှီးနေတယ်။
ငါထင်တာမမှားဘူးမလား? Luciferဆိုတာနဲ့
သူမခေါင်းထဲမှာ စင်ဒရဲလားကားထဲက ကြောင်ကို
ပြေးမြင်တော့တာဘဲ။

သူမအနည်းငယ်ခေါင်းရမ်းလိုက်တယ်။ မဟုတ်မဟတ်တွေ တွေးလွန်းတဲ့သူမရဲ့ ဆိုက်ကို
အတွေးတွေကိုလျှော့ချဖို့လိုနေပြီ။
သူမက မြေအောက်ကမ္ဘာရဲ့ သံတမန်တစ်ဦးဖြစ်သူ
နိုအာဟန်။ သာမာန်သေးသေးမွှားမွှား
ဇာတ်ကောင်လေးတစ်ခု။ဇာတ်လမ်းရဲ့ အဓိကဇာတ်လိုက်က ဝူးရီးလစ်။အဓိကဇာတ်လိုက်မင်းသမီးက နီရယ်ဖီးလ်။
ဇာတ်လမ်းရဲ့ အကြီးစားဗီလိန်ကြီးကတော့
ရေးလ်ဗီယန်။

အဓိကဇာတ်လိုက်မင်းသားက မြေအောက်ကမ္ဘာရဲ့
မင်းသားတစ်ပါးဘဲ။မင်းသမီးကတော့ သူမနဲ့တူညီစွာဘဲ
မြေအောက်ကမ္ဘာရဲ့ သံတမန်တစ်ဦး။
ဗီလိန်Bossကြီးကတော့မြေအောက် ကမ္ဘာရဲ့စစ်သူကြီးတစ်ဦး။

သူမရဲ့တာဝန်က ဗီလန်ကိုဆွဲဆောင်ဖို့!!

ရှင်းလိုက်တာ...! သူမနှာခေါင်းလေးကို လက်ညိုးလေးနဲ့
အသာပွတ်ရင်းတွေးလိုက်တယ်။
ရုတ်တရက်ဆန်စွာဘဲ သူမရဲ့ပတ်ဝန်းကျင်ကမီးတွေ
လင်းထိန်လာတယ်။

သူမရဲ့ခေါင်းပေါ်တည့်တည့်ကအမိုးပေါ်မှာ မီးဆိုင်းကြီးတစ်ခု ဖယောင်းတိုင်များနှင့် ထိန်လင်းစွာရှိနေသည်။
သူမက အခုဆိုဖာပေါ်မှာထိုင်နေတာ။ဧည့်ခန်းတစ်ခုထဲမှာလို့ပြောလို့ရတယ်။ တံခါးနားကနေ
လူတစ်ယောက်လှမ်းလို့လာတယ်။ မဟုတ်ဘူး။
ဒါလူ့ကမ္ဘာမှမဟုတ်တာ။ မြေအောက်ကမ္ဘာလေ။

Mr.Villain Please Give Me Your LoveWhere stories live. Discover now