အပိုင်း - ၂၃

Start from the beginning
                                    

ကျီလျောင် ဘတ်စကတ်ဘောကစာပြီး ပြန်လာတယ်။ ချွေးတွေလည်းတောက်လျှောက်ကျနေတာကြောင့် ထုံးစံအတိုင်းယုကျင်းက သူ့ကိုရေဘူးကမ်းပေးလိုက်တယ်။

ကျီလျောင်ပါးစပ်အပြည့်ရေသောက်လိုက်ပြီးနောက် အိတ်ကိုမြန်မြန်သိမ်းကာ အခန်းထဲကနေ ယုကျင်းနဲ့အတူထွက်လာလိုက်တယ်။

တခါတရံ သူတို့ကျောင်းဆင်းတဲ့အခါ ဘတ်စကတ်ဘောကစားလေ့ရှိပြီး အိမ်အတူပြန်ကြတယ်။

လမ်းမှာ ရောက်တတ်ရာရာတွေ လျှောက်ပြောတယ်။ယုကျင်းက ရုတ်တရက်ကျီလျောင့်ကိုမေးလာတယ် “နောက်နှစ်ဘယ်တက္ကသိုလ်သွားမလဲဆိုတာ မင်းတွေးပြီးသွားပြီလား?”

ကျီလျောင်ခဏလောက် ကြောင်ကြည့်နေပြီး ဘယ်လိုပြန်ဖြေရမှန်းမသိဘူးဖြစ်နေတယ်။ “ဘာလို့ဒါကို ရုတ်တရက်ကြီးမေးတာလဲ?”

တကယ်လို့ဒါကလွန်ခဲ့တဲ့တစ်လလောက်ကသာဆိုရင် သူယုံကြည်မှုရှိရှိနဲ့ အိမ်နဲ့နီးတာမျိုးဆိုပြီး အဖြေပေးမိလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရမ်းဝေးသွားရင် ရှုအိုက်ဝမ်ကိုစိတ်ပူနေရမှာကြောင့်ဖြစ်တယ်။ ဒါပေမယ့်အခုတော့ ဟဲ့ချန်းမင်လည်းပါလာပြီ ပြီးတော့ သူ့ရဲ့အမှတ်တွေကလည်းအရမ်းကောင်းတယ်ဆိုတော့ သူကတော့သေချာပေါက်မြို့တော်ကိုသွားမှာပေါ့ ဟုတ်တယ်မှတ်လား?

“ငါဒီတိုင်းမေးတာ၊ အဲ့တော့မင်းဆုံးဖြတ်ထားတာကဘာလဲ?” ယုကျင်းသူ့ကိုကြည့်လိုက်တယ်။

ကျီလျောင်မျက်မှောင်အသာလေးကြုတ်လိုက်ပြီး သူနဲ့ဟဲ့ချန်းမင်ကြားက အဆင့်ကွာခြားချက်ကိုတွေးကြည့်မိတယ်။ အချိန်ကျလာရင် သူတို့ခွဲရမှာပဲ။ အဲ့လိုရလဒ်ကိုလက်မခံချင်ဘူးဆိုရင် လာမယ့်နှစ်မှာကြိုးစားဖို့လိုနေပြီ။

“တကယ်တော့ ငါ့အမေကငါ့ကိုပန်းချီလေ့လာစေချင်တာ”

ကျီလျောင်တုန့်ပြန်မှုနှေးတာကို တွေ့တော့ ယုကျင်းသူ့လက်ကိုဘောင်းဘီအိတ်ထဲထည့်ပြီး ဆက်ပြောတယ် “သူမပြောတာတော့ ပန်းချီကျောင်းသားတွေက ပိုလွယ်ကူတယ်တဲ့”

သူ့ရလဒ်တွေက ကျီလျောင်ထက်ပိုဆိုးတယ်။ သူသာကျီလျောင်နဲ့ကျောင်းအတူတက်ချင်တယ်ဆိုရင် သူအမှတ်ပိုရဖို့လိုတယ်။ ပန်းချီလေ့လာတယ်ဆိုတာ ကောင်းတဲ့ရွေးခြယ်မှုပဲ _ သတ်မှတ်တဲ့အဆင့်ကနိမ့်တယ်၊ အမြန်လည်းရွေးလို့ရတယ်ပြီးတော့ သူ့အတွက်လည်း ကိစ္စမရှိဘူး။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now