သူ့ကို ခါးကနေ သိုင်းဖက်လိုက်ပြီး နဖူးကို ခပ်ဖွဖွလေး နမ်းလိုက်မိသည်...

" Li Wei... Happy Valentine Day နော်..."

" ဟင်..."

" အင်း...။ အခုလို ကောကို အများကြီး နားလည်ပေးပြီး အရမ်းချစ်ပေးလို့ သိပ်ကျေးဇူးတင်မိတယ်...။ ပြီးတော့ Xiaozhan ကိုလည်း မမုန်းတဲ့အပြင် ကောနဲ့ Yibo ထက်တောင် အရမ်းဂရုစိုက်ပြီး ချစ်ပေးလို့ ...မင်းကို အရမ်းလေးစားမိတာပဲ..."

" မဟုတ်တာ ကောရယ်..ယုန်လေးက ကျွန်တော် ‌တစ်သက်လုံး စောင့်ရှောက်ပေးသွားချင်တဲ့ ကလေးပါ...။ ကောမပြောလည်း သူ့ကို အမြဲချစ်ပေးသွားမှာ...။ အဲ့ဒါမို့ ကော သူ့ကို ဘယ်လိုပုံစံမျိုးနဲ့ပဲ ချစ်ချစ်...တစ်သက်လုံး ချစ်သွားလို့ရတယ်...။ တကယ်ပြောတာ...ကျွန်တော်က အခုအခြေအနေလေးကိုပဲ အရမ်းကျေနပ်နေပြီ...။ ဘယ်တော့မှ ကောရဲ့ ဂရုစိုက်မှုတွေ ..ကြင်နာမှုတွေ မရ‌လောက်ဘူး ထင်ခဲ့တာကို ဒီလောက်ထိ ရနေတာနဲ့ပဲ ထပ်ပြီး တောင့်တစရာ မရှိတော့ပါဘူး..."

" သိပါတယ်...ကော ဘဝမှာ နောင်တရစရာတွေ အများကြီး လုပ်ခဲ့ဖူး...အချိန်တွေ အများကြီး ဖြုန်းခဲ့ဖူးပေမယ့်...ဘယ်တော့မှ နောင်တမရတဲ့ အရာ သုံးခု ရှိတယ်..."

" ဘာတွေလဲ..."

" Xiaozhan ကိုချစ်ခဲ့မိတာရယ်... Xiaozhan ကို Yibo လက်ထဲ အပ်ပေးနိုင်လိုက်တာရယ်...နောက်ဆုံးတစ်ခုက မင်းကို လက်ထပ်ယူနိုင်ခဲ့တာကိုရယ်..."

သူ စငိုတော့မလိုတောင် ဖြစ်လာပြီ...

" ကောကတော့ တကယ့်ကို surprise အကြီးကြီးတိုက်နေတော့တာပဲ...။ အခု အရမ်းပျော်တာပဲ...ကောကို အများကြီး ချစ်တယ်နော်..."

သူ ရင်ခွင်ထဲ အတင်းတိုးဝင်နေပြီးမှ နှုတ်ခမ်းဆူပြီး မော့ကြည့်လာတာမို့ မျက်စပစ်ပြလိုက်ရသည်...

" ဒီနှစ် အတွက် ကျွန်တော် လိုချင်တဲ့ လက်ဆောင်ရှိတယ်..."

" ကြိုက်တာပြော...ရစေရမယ်..."

" ကျွန်တော့်နားမှာ သေတဲ့ထိ နေပေးရမယ်နော်...။ ဘယ်သူနဲ့မှ ထပ်မပက်သက်ရတော့ဘူး...။ ယုန်လေးကို ချစ်တာချစ်လို့ရတယ်...ဒါပေမယ့် တခြား ဘယ်သူမဆိုကိုတော့ ခွင့်မလွှတ်ဘူးနော်....ကောက ကျွန်တော် တစ်ယောက်တည်း ပိုင်တာ..."

Trust Your Heart [Completed]Where stories live. Discover now