ဗရမ်းဗတာနဲ့ မလှမပ စတွေ့ခဲ့တဲ့ Valentine day လေးက အခုတော့ ကျွန်တော်တို့နှစ်ယောက်ရဲ့ official Wedding Day လေးဖြစ်လာခဲ့ပြီမို့..ကျွန်တော့်အတွက်တော့ ဒီ‌နေ့လေးကို မဂ်လာနှစ်ပတ်လည်‌နေ့လေးအဖြစ် နှစ်တိုင်းမျှော်နေမိနေမှာ သေချာသွားပြီ...

______

" Li Wei..ထတော့လေနော်... Xiaozhanကို လိုတာပြင်ပေးချင်လို့ အစောကြီးနှိုးဆို..."

" အင်း...ကော...။ ငါးမိနစ်လောက်အိပ်ဦးမယ် မထချင်သေးဘူး..."

" ဟက်...မထနိုင်တာလား...မထချင်တာလား..."

" ဟွန့်...ကောနော်...။ အဲ့ဒါကြောင့် ပြောတာ ညက မလုပ်ပါနဲ့ဆို...အခုတော့ မထနိုင်တော့ဘူး..."

" ဒါပေမယ့် မင်းပဲ ညက ကောင်းတယ်ဆိုပြီး..."

" ဟာ...‌ကောနော်..."

သူ ဆတ်ခနဲထလိုက်တာမို့ နာသွားပုံပဲ...ရှုံ့မဲ့သွားတာမို့...ကျွန်တော် ကုတင်ပေါ်ပြန်တက်ထိုင်လိုက်မိတယ်...

" ဖြည်းဖြည်းထ...အရမ်းအရမ်းမလုပ်နဲ့လေ...လမ်းမလျှောက်နိုင်တော့ပဲ နေဦးမယ်..."

" ကောနော်...မစနဲ့...ငိုလိုက်မှာ..."

သူတကယ်လည်း ငိုမဲ့မဲ့ဖြစ်သွားတာမို့ သူ ကိုယ်လေးကို ဆွဲပွေ့ပြီး ပေါင်ပေါ်ထိုင်ခိုင်းလိုက်ရတယ်...။ ပွေ့လိုက်တာနဲ့ ကြောင်လေးလို ရင်ခွင်ထဲ အလိုက်သင့် ဝင်လာပြီး..မေးစေ့လေးနဲ့ ရင်ဘတ်ကို ပွတ်သပ်နေတာ...။ သူက အဲ့လိုမျိုးနေရတာ တော်တော်ကြိုက်ပုံပင်...သူစိတ်ဆိုးလို့ ချော့ချင်ရင် အဲ့လို ပွေ့ထားပြီး လိုက်နမ်းနေရင်ကို စိတ်ကောက်ပြေသွားတာ...

" ကောက စတာပါ...နောက်ဆို မင်းမကြိုက်ရင် မလုပ်တော့ဘူးနော်..."

" အဲ့လိုပဲ မနက်တိုင်းပြောပြီး ညကျရင် ဟုတ်တာလည်း မဟုတ်ဘူး..."

" Haha...ချွဲလိုက်တာလည်း လွန်ရောနော်...။ မင်းနဲ့နေတာများပြီး... Xiaozhan လည်း အရင်လို မဟုတ်ဘူး အရမ်းအချွဲသန်လာတယ်..."

" Hee...များများချွဲပါစေ...ဒါမှ Yibo နဲ့ကိုက်မှာ...သဲသဲနဲ့ ကဲကဲအတွဲလေ...တော်ကြာ Yibo တစ်ယောက်တည်း တော်တော်ဖြစ်နေတယ် ထင်နေကြမှာ..."

Trust Your Heart [Completed]Where stories live. Discover now