" ဟက်...ထွက်ပြေးစရာလား...Yibo မင်း ပြင်လို့ပြီးပြီလား..."

" ဒီမှာကြည့် ပြင်စရာတောင် သိပ်မလိုဘူး တွေ့လား...ကျွန်တော်က ချောပြီးသား..."

" ပေါလိုက်တာ..."

" ဟ...ကောကလည်း ကျွန်တော့်ကိုဆို အကောင်းကို မပြောချင်ဘူး...။ ကော မယုံရင်ကြည့်လိုက် ကောရဲ့ သတို့သားအရံတွေထဲမှာ ကျွန်တော်က အချောဆုံးဖြစ်နေမှာ..."

ခေါင်းခါပြီးသာ ပြုံးလိုက်မိတော့သည်...။ Yibo နဲ့က အရမ်းကြီး အဆင်ပြေတာလည်း မဟုတ်သေးသော်လည်း...အရင်လိုတော့ မဟုတ်တော့တာသေချာသည်...။ သူ့ကို ဂရုစိုက်ပြီး ကြည့်မိတော့မှ...သူက တကယ့်ကို သွက်သွက်လက်လက်ရှိလွန်းပြီး...ပျော်ပျော်နေတတ်မှန်း သတိထားမိတာ...။ ငယ်ငယ်တည်းက သူ့ကိုဆို မျက်နှာသာမပေးခဲ့တာတောင်မှ အခု သူ့ကို နည်းနည်းကောင်းပြလိုက်တာနဲ့ကို ကျွန်တော့်နောက် တကောက်ကောက် လိုက်ကပ်နေတတ်ပြီ...။ သေချာကြည့်မှ သူက ချစ်ဖို့တော်တော်ကောင်းသား...အခုလည်း ကျွန်တော့်ပွဲမှာ သူကပါ သတိုးသားအရံလုပ်ချင်ပါတယ်ဆိုလို့ ပေးလုပ်ထားရတယ်...

" အခုမှပဲ သတိထားမိတော့တယ်...မင်းတောင် တော်တော်လေး အရွယ်ရောက်နေပြီပဲ..."

" ကျွန်တော်က အရွယ်ရောက်နေတာ ကြာလှပြီ...ကောက ကျွန်တော့်ကိုမှ ဂရုမစိုက်ခဲ့ဘဲနဲ့...။ Congratulations ကော...Li Wei ကို သေချာစောင့်ရှောက်ပေးနော်... Xiaozhan အတွက် စိတ်မပူနဲ့ ကျွန်တော် သူ့ကို စောင့်ရှောက်ပေးမယ်...."

" မင်းက အလဲအလှယ် လုပ်နေတာပေါ့..."

" Hee...အဲ့လို သဘောမဟုတ်ပါဘူး..."

" မင်းနော် ငါ မဂ်လာဆောင်သွားတာကို ပျော်နေတာများ မျက်နှာမှာ ဖုံးမရဖိမရ အထင်းသား ပေါ်နေတာ..."

" Hee...ကောကလည်း..."

" Xiaozhan ကို သေချာလေး ဂရုစိုက်ပေးပါကွာ...။ သူက နေမကောင်းဖြစ်နေတော့ ပိုပြီး ဂရုစိုက်ပေးမှ ရမယ်..."

" စိတ်ချ...။ ပြောမယ့်သာပြောရတာ...ကောက တကယ် ကြည့်ကောင်းတာပဲ...အဲ့ဒါကြောင့်လည်း Li Wei က ကောမှကော ဖြစ်နေခဲ့တာကိုး...ပြီးတော့ တစ်ကျောင်းလုံးကလည်း ကိုကို kingဆိုပြီး မကပ်ချင်တဲ့သူ မရှိခဲ့တာ နေမယ်..."

Trust Your Heart [Completed]Where stories live. Discover now