23

7K 614 102
                                    

Zawgyi



Ji Sang အခုရက်ပိုင်း Appa ကိုလည်းကြည့်မရသလို Kook Kook ကိုလည်းကြည့်မရတော့ဘူး။

"Ji Sang.... Hyung ရော......''

တွေ့လာ အခုလေးတင်အလုပ်ကအတူပြန်လာကြပြီး Appa ကိုမတွေ့တော့မှ အိမ်ရှေ့မှာထိုင်နေတဲ့ Ji Sang ကိုလာမေးတယ်။

တက်လဲတက်နိုင်ကြတဲ့ဟာတွေ သူတို့အဆင်မပြေတုန်းကကူညီခဲ့တဲ့ Ji Sang ကို အခုတော့ Appa ရော Kook Kook ရောက ပလစ်လိုက်ကြပြီ။

"Ji Sang ငါမေးနေတယ်လေကွာ....မျက်နှာကြီးကလည်းစူပုတ်နေတာပဲ....''

Ji Sang စူအောင့်အောင့်ထိုင်နေရာမှ Jung Kook ကို စွေစောင်းစောင်းကြည့်တယ်။

"သိမလား Kook Kook လင်ကို သားကလိုက်ကြည့်နေတာမှမဟုတ်တာ......Kook Kook တို့အတူပြန်လာတာမဟုတ်ဘူးလား......''

"ဘာ! မင်းဘယ်လိုပြောလိုက်တယ်......''

"ကြားတဲ့အတိုင်းပဲ!....."

Ji Sang က မျက်နှာကိုမဲ့ ပုခုံးကိုတွန့်ရင်း အိမ်ထဲဝင်ဖို့ပြင်တော့ Jung Kook က Ji Sang ရဲ့ခေါင်းကို ခေါက်ဖို့အလုပ်.....

"ချာတိတ်......''

"Hyung......''


အိမ်ထဲကနေ ရေမိုးချိုးပြီးလို့ထွက်လာတဲ့ Appa က သန့်ပြန့်နေတာပဲ။

Appa ကိုတွေ့ကို ပြုံးရွှင်သွားတဲ့ Kook Kook ရဲ့မျက်နှာက ခုဏက Ji Sang နဲ့စကားပြောနေတဲ့ပုံစံမဟုတ်တော့။

"သားနဲ့ဘာလုပ်နေကြတာလဲ.......''

"လုပ်ပါဘူး Hyung ကိုမတွေ့လို့ ကျွန်တော်က Ji Sang ကိုမေးတာကို Hyung သားက ကျွန်တော့ကို ကောင်းကောင်းမဖြေဘူးလေ.....''


တွေ့လား တွေလား နှုတ်ခမ်းကိုစူပြီး Appa လက်မောင်းကိုချိတ်ပြီးချွဲနေတာ နေရင်းထိုင်ရင်း Ji Sang တောင်အတိုင်ခံရသေးတယ်။

"ကိုယ်က ခေါင်းထဲငြီးစီစီဖြစ်နေလို့ တစ်ခါတည်းရေးချိုးလိုက်တာ......''

"ဟင်!..ဟုတ်လား Hyung နေမကောင်းဘူးလား.....ခေါင်းကိုက်နေတာလား....အဲ့ဒါကြောင့် Computer ရှေ့အကြာကြီးမထိုင်ပါနဲ့ဆိုတာပြောလဲမရဘူး.....ခုရောဘယ်လိုနေသေးလဲ..... ကျွန်တော်နှိပ်ပေးရမလား.......''

There For You (Completed)Where stories live. Discover now