14

8.4K 766 68
                                    



Zawgyi

အပြင်ဘက်မှာ ကောင်ကင်တစ်ခုလုံးမဲမှောင်လျှက် မိုးရောလေရော သဲကြီးမဲကြီး ရွာသွန်းလျှက်ရှိသည်။

သဲလွန်းတဲ့မိုးကြောင့် ကားကိုဂရုစိုက်ပြီးမောင်းနေရသလို ပတ်ဝန်းကျင်ကိုလည်း အဆက်မပြတ်အောင် ကြည့်နေရသည်။

Jungkookie ကိုသူလိုက်ရှာနေသည်မှာ အတော်ပင်ကြာနေပြီဖြစ်သည်။

သွားတက်တဲ့ နေရာတိုင်းကိုလိုက်ရှာနေပေမယ့် အခုထိမတွေ့သေး။

စိုးရိမ်သည့်အဆင့်ကိုကျော်ပြီး သူ့ရင်ထဲမှာ ပူလောင်လာသည်။

မင်းဘယ်မှာလဲ ချာတိတ်ရာ။

နောက်ဆုံးမျှော်လင့်ချက်တစ်ခုအနေနှင့် Jungkookie အမြဲထိုင်တက်တဲ့ ပန်ခြံလေးဆီသို့ ကားကိုဦးတည်လိုက်သည်။

ကားဝင်လို့မရသောကြောင့် ပန်းခြံအပြင်မှာပဲရပ်ကာ ထီးဆောင်းပြီး ပန်းခြံထဲ သူဝင်လာခဲ့လိုက်သည်။

တွေ့ပါပြီ အဝေးကနေလှမ်းမြင်ရတဲ့ ခပ်သေးသေးပုံရိပ်တစ်ခု။

ပန်းခြံထဲက ခုံတန်းတစ်ခုပေါ်မှာထိုင်နေတာဖြစ်သည်။

နီးကပ်လာတာနှင့်အမျှ ထိုပုံရိပ်က သူနှင့်ရင်းနီးနေတာကို သိလိုက်သည်။

"ဟင်!!...."

သဲကြီးမဲကြီးရွာနေတဲ့ မိုးရေစက်တွေအောက်မှာ ထီးမဆောင်းဘာမဆောင်းနှင့် ထိုင်နေတဲ့ ထိုလူသားငယ်။

Jimin မျက်လုံးတွေ ပြာဝေသွားခဲ့သည်။

"Jungkookie...... ''

ခပ်ကျယ်ကျယ် ခေါ်လိုက်ပေမယ့် သူ့အသံက မိုးသံတွေနှင့်ရောကာ ပျောက်ကွယ်သွားသည်။

လက်ထဲက ထီးကို လွှတ်ချပြီး အနားကိုပြေးသွားတော့ ကျောပြင်လေးက တစ်သိမ့်သိမ့်တုန်ခါနေတဲ့ ကောင်လေး။

"Jungkookie....ကလေး.....''

ပုခုံးကို အသာလှုပ်ရင်း သူခေါ်လိုက်တော့ မော့ကြည့်လာတဲ့ မျက်ဝန်းလေတစ်စုံ........

တစ်ကိုယ်လုံးကြွက်စုတ်လေးအလား စိုရွှဲလျှက် ခိုက်ခိုက်တုန်နေပေမယ့်  တုတ်တုတ်မှမလှုပ်။

There For You (Completed)Where stories live. Discover now