15

8.3K 753 55
                                    



Zawgyi


အိမ်​ပြန်​​ရောက်​တာနဲ့ အခန်းထဲ​ပြေးဝင်​ကာ အိပ်​ယာ​ပေါ် ဘုန်​ခနဲ လှဲချတယ်​။

ရင်​​တွေခုန်​လိုက်​တာ။

အခုထိ စည်းချက်​မမှန်​​သေးတဲ့ သူ့ရင်​ဘက်​​လေးကိုဖိရင်း Jung Kook နှုတ်​ခမ်း​လေး​တွေကိုကိုက်​တယ်​။

ဆိုင်​လို့လား Hyung ရဲ့မျက်​နှာ​ချော​ချောက သူ့အ​တွေးထဲ​ပေါ်လာပြန်​​ရော။

ဒါ​တော့ လွန်​ပြီထင်​တယ်​။

တဆိတ်​ သူရင်​အရမ်းခုန်​ပြီး ​သေသွားရင်​ ဘယ်​လိုလုပ်​မလဲ။

"သားငယ်​......''

တံခါး​ခေါက်​သံနဲ့အတူ အခန်းအပြင်​က Omma အသံ​ကြောင့်​ ဘာကိုလန့်​လို့လန့်​မှန်းမသိဘဲ Jung Kook ကိုယ်​​လေး တုန့်​ခနဲ။

"သားငယ်​.......''

"Lock မချထားဘူး Omma.......''

Omma က နို့တစ်​ခွက်​ယူပြီး အခန်းထဲဝင်​လာတာပင်​.....

"​ရော့ ​သောက်​လိုက်​......''

"မ​သောက်​ချင်​ဘူး Omma......''

"မရဘူး ​နေမ​ကောင်းဘူးဆို....သား Hyung ​ပြောမှ Omma သိတာ....​ရော့ ကုန်​​အောင်​​သောက်​လိုက်​....ပြီးရင်​ သားကြီးနဲ့ ကုမ္ပဏီ လိုက်​သွား......''

Jung Kook မျက်​နှာ​လေး ရှုပ်​မဲ့သွားသည်​။

မလိုက်​ချင်​ပါဘူး။ ဟိုလူကြီးမျက်​နှာမြင်​ရင်​ ရင်​​တွေခုန်​တာ ​သေမတက်​ကို။

ကိုယ်​ဒုက္ခ​တော့ ကိုယ်​မရှာနိုင်​ဘူး။

"Omma ကလည်း သား​နေမ​ကောင်းဘူးဆိုပြီး....သူနဲ့ဘာလို့လိုက်​သွားခိုင်းတာလဲ....သူက ခိုင်းစားမှာကို....ဒီ​နေ့တစ်​ရက်​​တော့ အိမ်​မှာဘဲ ​နေမယ်​​လေ.......''

"မရဘူး.....Omma က သား Appa ပြန်​လာရင်​ Dinner တစ်​ခုတက်​ရမှာ....လိုက်​သွား......''

"ဟွန့်​......''

နှုတ်​ခမ်း​လေး​ထော်​ရင်း နို့ကိုသာ တစ်​ဂွပ်​ဂွပ်​​သောက်​​နေတဲ့ သားငယ်​ကို ကြည့်​ပြီး Mi Ah မျက်​မှာက အပြုံးရိပ်​တို့စွန်းထင်းလျှက်​။

There For You (Completed)Where stories live. Discover now