Zawgyi
မနက်အိပ်ယာနိုးလို့ မနက်စာ စားပြီးသည့်အထိ သားနဲ့ချာတိတ်ရဲ့အရိပ်အယောင်ကိုသူမမြင်ရဘူး။
ဒီနေ့ကရုံးပိတ်ရက် သူကုမ္ပဏီမသွားရတာကြောင့် အေးအေးလူလူပဲ ဧည့်ခန်းမှာ စာထိုင်ဖတ်နေလိုက်သည်။
စာဖတ်ရင်းမှ Omma က ကော်ဖီခွက်လာချပေးတော့မှ တစ်မနက်လုံးမတွေ့မိတဲ့ အဆိုးလေးနဲ့သားကိုမေးမိသည်။
"Omma သားနဲ့ Jungkookie ရော မနက်ထဲက မတွေ့ပါလား..ဘယ်သွားကြလဲ......''
"ဪ မြေးနဲ့ သားငယ်လား....ရှိတယ် ရှိတယ် ဘယ်မှ မသွားဘူး သားငယ်ရဲ့အခန်းထဲမှာ မနက်ထဲကမဆင်းလာလို့ မနက်စာတောင်သွားပို့ပေးရသေးတယ်.......''
Omma အပြောကြောင့် Jimin ရဲ့မျက်ခုံးတန်းနှစ်ဖက် တွန့်ကုတ်ကျသွားတယ်။
ဒီနှစ်ယောက်က ငြိမ်နေပြီဆိုရင် မဟုတ်တာတစ်ခုခုလုပ်နေပြီဆိုတာ သိလိုက်တော့။
လက်ထဲက စာအုပ်ကိုချပြီး အပေါ်ထပ်က ချာတိတ်ရဲ့အခန်းကို ထွက်လာခဲ့လိုက်သည်။
တံခါးလော့မချထားတဲ့အခန်းကိုအသာတွန်းဖွင့်ကာဝင်လိုက်တော့ စားပွဲပေါ်မှာရှိနေတဲ့ မုန့်တွေနဲ့ကော်ဖီတစ်ခွက်ရယ် နို့တစ်ခွက်ရယ်ကအရာမယွင်းသေး။
ငမွှေးထိုးနှစ်ကောင်ကိုတော့အခုထိ မတွေ့ရသေးတာကြောင့် ဟိုသည်ဝေ့ရှာမိတော့ တွေ့ပါပြီ ပြတင်းပေါက်ကိုအောက်ကခုံခုပြီး ခြေဖျားထောက်ကာ မှန်းပြောင်းတစ်လက်နဲ့ ဘေးအိမ်ကိုချောင်းနေတဲ့ အဆိုးလေး။
သားကလည်းအောက်ကနေ သူ့ဦးလေးပြုတ်ကျမှာစိုးလို့ ခုံကို ထိန်းကိုင်ပေးထားတယ်။
ကျစ်! မတော်လို့ ပြုတ်ကျကုန်ရင် ကျိုးကန်းအုံးမယ်။
Ji Sang က ဝင်လာတဲ့ သူ့အဖေကိုတွေ့တော့ ဇတ်ကလေးပုပြီး.....
"Kook Kook ဆင်းတော့......''
"အာ....သေချာကိုင်ထားစမ်းပါ Ji Sang ရာ မင်းကလည်း.......''
"မဟုတ်ဘူး Kook Kook ရဲ့ ဆင်းတော့ပါဆိုမှ......''
"ဘယ်လိုဖြစ်နေတာလဲ သေချာကိုင်ထားပါဆိုနေမှ......မင်းပထွေးမသိခင်ချောင်းရတာ သိရင်ပွစိပွစိနဲပွမ်နေအုံးမှာ......''
YOU ARE READING
There For You (Completed)
ספרות חובביםjikook (yaoi) park jimin x jeon jung kook Start - 30/ November/2017 End - 12/ June /2020 Cover by myanmar novel