18

7.8K 745 170
                                    

Zawgyi


အိမ်မှာတစ်ယောက်ထဲစိတ်မချဘူး သူနဲ့ရုံးလိုက်ခဲ့ဆိုတော့ လိုက်ခဲ့မိပါတယ် တစ်ယောက်ထဲ ပျင်းပြီး အခန်းထဲမှာသာကျန်ခဲ့တယ်။

အလုပ်သရဲကြီးက အခုထိ  အစည်းအဝေးခန်းက ထွက်မလာသေးဘူး နေ့လည်ပဲ ဆယ်နှစ်နာရီကျော်နေပြီ။

ဗိုက်ကလည်း ဆာလာတာကြောင့် ကုမ္ပဏီက Canteen ကိုထွက်လာခဲ့လိုက်သည်။

စားစရာမှာပြီးတော့ ခုံအလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်သည်။

ဗိုက်ဆာဆာနှင့် စားမယ်ပြင်လိုက်ကာမှ ကိုယ့်ခုံအရှေ့မှာ ဝင်ထိုင်လိုက်တဲ့ တစ်စုံတစ်ယောက်ကြောင့် မော့ကြည့်မိတော့ မမြင်ချင်တဲ့မျက်နှာ။

Canteen မှာ နေရာတွေဒီလောက်လွတ်နေတာ တမင်သက်သက် သူ့ခုံရှေ့ဝင်ထိုင်လိုက်ပြီး သူ့ကိုတွေ့တော့ ခနဲ့ပြုံးနဲ့ပြောလာတဲ့အဖွားကြီး.....

"ဪ....ဘယ်သူများလဲလို့ Jung Kook ပါလား.......''

မကောင်းတက်လို့ခေါင်းတစ်ချက်ငြိတ်ပြပြီး စားဖို့သာပြင်လိုက်သည်။

ဒီမိန်မကို သူကြည့်မရတာ အရင်ကတည်းက ဟိုတစ်ခေါက်ကော်ဖီအပူလောင်တဲ့ ကိစ္စမှာတော့ ဒီအဖွားကြီး တမင်သက်သက်လုပ်လိုက်တယ်ဆိုတာ ငပိန်း Jimin Hyung မသိပေမယ့် ခံလိုက်ရတဲ့သူကတော့သိသည်။


"ကုမ္ပဏီကိုဘာလာလုပ်တာလဲ.....အမြဲတွေ့နေရတယ်နော်.......''

"ကိုယ့်ခင်ပွန်းလောင်းပိုင်တဲ့ ကုမ္ပဏီကို ကိုယ်လာတာဘာဖြစ်လဲ......''


Jung Kook ပက်ခနဲပြန်ပြောတော့ Nora မျက်နှာမဲ့သွားတယ်။

"အဟင်း Ji ကိုလည်းလေ တကယ်မထင်ထားဘူး.....ဒီလို ယောက်ျာလေးတစ်ယောက်အပေါ်မှာ သာယာသွားလိမ့်မယ်လို့......''


ဟ....ဒါတော့များသွားပြီ...ဘွားတော်ကြီက ဘလိုင်းကြီး သူ့ကို လာခွပ်နေပါလား တိုက်ကြက်မှန်သိအောင်မမောက်ထောင်ပြလိုက်မှ လန့်ပြေးနေအုံးမယ်...

Jung Kook စားချင်စိတ်မရှိတော့တာနဲ့ လက်ထဲက တူကို စားပွဲပေါ်စောင့်ချပြီး Nora ကို ကြည့်လိုက်တယ်။


There For You (Completed)Where stories live. Discover now