13

8.2K 789 98
                                    


Zawgyi


ခန်းနားလွန်းတဲ့ အပြင်အဆင်တွေကြောင့် ချမ်းသာတဲ့ လုပ်ငန်းရှင်အသိုင်အဝိုင်းက လူတွေမှန်း သိသာစေသည်။

လူရှုပ်ရှုပ်တွေနှင့် သိပ်မနေတက်တဲ့ Jung Kook တစ်ယောက် Hyung ခေါ်ရာနောက်ကနေသာ ခပ်ကုတ်ကုတ်လေး လိုက်လာမိသည်။

ခန်းမထဲရောက်သည်နှင့် လက်ကိုခပ်တင်းတင်း ဆုပ်ကိုင်ထားသည်မှာ အခုထိမလွှတ်သေးပေ။

ပတ်ဝန်းကျင်က ဝိုင်းကြည့်နေကြသည်ကတစ်ကြောင်း ဒီလောက်ထိမလိုဘူးဟု စိတ်ထဲကထင်လျှက် လက်ကို အသာလေး ပြန်ရုန်းမိတော့ ခပ်စူးစူး ကိုယ့်ကို ပြန်ကြည့်ပြီးပြောလိုက်သည်က......

"ငြိမ်ငြိမ်နေစမ်း Jungkookie....... ''

မထူးတော့သည်မို့ မရင်းနှီးသည့် မျက်နှာတွေကို ဟိုကြည့်သည်ကြည့်နှင့်သာ လိုက်ခဲ့ရသည်။

"Ji ရောက်လာပြီလား.........''

အနောက်ဘက်မှ ခေါ်သံကြောင့် လှည့်ကြည့်မိတော့ Nora ဆိုတဲ့ အမျိုးသမီး။

"Nora....''

ဘေးမှ Jung Kook ကို အခုမှ မြင်သလို ပုံစံနှင့် မလိုလားတဲ့ လေသံက အထင်းသားပေါ်လွင်လျှက်......

"ဪ....ဘယ်သူများလဲလို့ Jung Kook ကိုပါခေါ်လာခဲ့တာပဲ....အဟင်း......''

အသက်မပါသလို တဟင်းဟင်းရယ်ရင်း ပြောလိုက်တာကြောင့် Jung Kook မျက်နှာလေး မဲ့လိုက်မိသည်။

"ဒါနဲ့ ခုဏကတောင် Ji ကို JJ ရဲ့ CEO Kan Sang မေးနေသေးတယ်......''

Jung Kook ကို ဂရုမစိုက်သလိုပုံနှင့် Jimin ပုခုံးကို ဖက်တွယ်မတက် ဖြစ်နေတဲ့ ထိုမိန်းမပုံစံကြောင့် Jung Kook တွဲထားတဲ့ လက်ကိုဖြုတ်ပြီး အနောက်ကို အသာလေးဆုတ်လိုက်မိသည်။

Jimin ကတော့ သတိမထားမိလိုက်ပေ။

"ဟုတ်လား......အင်း ဒီတစ်ခေါက် product အသစ်က JJ နဲ့ တွဲလုပ်ဖို့ စိတ်ကူးထားတယ်......''

"ဟုတ်လား Ji.....ဒါဆိုအခွင့်အရေးကောင်းပေါ့......''

"ဟုတ်တယ် ကိုယ်လည်း JJ နဲ့သာ ပူးပေါင်းလိုက်ရင် အကျိုးအမြတ်တွေ အများကြီးရမယ် ထင်လို့........''

There For You (Completed)Where stories live. Discover now