16

8.1K 686 77
                                    

Zawgyi


"ဟယ်​လို....... ''

"Kook Kook လား.......''

ဖုန်းထဲက မကြားရတာကြာပြီဖြစ်​တဲ့ အသံချို​သေး​သေး​လေး​ကြောင့်​ Jung Kook မျက်​နှာ​လေး ပြုံးသွားတယ်​။


"သားသားက Kook Kook ကိုလွမ်း​နေတာ.......''

"လွမ်းရင်​ပြန်​လာ​လေ.....မင်းငါ့ကို လွမ်းတယ်​ဆိုပြီး ဖုန်းဆက်​​ဖော်​ရလား ဟမ်း!...ငါဖုန်းဆက်​​တော့လည်း အိမ်​မှာမရှိ လူကလက်​​တောက်​​လောက်​နဲ့ အမြဲဂ​လေရိုက်​​နေရလား......''

"​ဂ​လေရိုက်​​နေတာ မဟုတ်​ပါဘူး Kook Kook ရဲ့.....ပြန်​လာတာက​တော့ ​ကျောင်းဖွင့်​မှ ပြန်​လာလို့ရမှာ Kook Kook ရဲ့.....Kook Kook ကို ​ပြောပြစရာရှိတယ်​ သားသားဒီမှာ သူငယ်​ချင်းအသစ်​​တွေရ​နေပြီသိလား.......''

"သူငယ်​ချင်းအသစ်​​တွေရ​နေပြီဆို​တော့ ငါ့ကိုအရင်​လိုမချစ်​​တော့ဘူး​ပေါ့ ဟုတ်​လား Ji Sang..... ''

"အာ! Kook Kook ကလည်း ချစ်​ပါတယ်​......သားမရှိလည်း Kook Kook ကို ချစ်​မဲ့ Appa တစ်​​ယောက်​လုံး ရှိတာပဲ.....စိတ်​မ​ကောက်​နဲ့ .......''

စကားတတ်​လှတဲ့ Ji Sang ကို အနားမှာ ရှိလို့က​တော့ Jung Kook နှစ်​ချက်​သုံးချက်​​လောက်​ကို ထုပစ်​လိုက်​ချင်​တယ်​။

"Kook Kook ဒါပဲ​နော်​......သူ့ငယ်​ချင်း​တွေက Church တက်​ဖို့လာ​ခေါ်​နေကြပြီ......ဒါနဲ့ Appa အနိုင်​ကျင့်​ရင်​ သားဆီဖုန်းဆက်​သိလား....ဘာမှ အားမငယ်​နဲ့သိလား.....''


ပြောချင်​ရာ​ပြောပြီး ဖုန်းချသွားတဲ့ တူ​တော်​​မောင်​​လေး​ကြောင့်​ Jung Kook အသဲတယားယားနှင့်​သာ ကျန်​ခဲ့ရသည်​။

ပြောသွား​သေးတယ်​ အားမငယ်​နဲ့တဲ့။

အားငယ်​ရ​အောင်​ငါက မင်းအ​ဖေ့လင်​လားဟ။

ဟွန့်​။


"သားဆီကလား.......''

ဝရန်​တာက​နေ အပြင်​ဘက်​​ငေးကြည့်​​နေတုန်း Jimin Hyung က ​ရောက်​လာပြီး ​မေးလိုက်​တာဖြစ်​သည်​။

တီရှပ်​အမဲလည်​ဝိုင်းလက်​ရှည်​ကို ​အောက်​က အဖြူ​ရောင်​ ​ဘောင်းဘီပွပွတစ်​ထည်​နှင့်​ တွဲဝတ်​ထားတဲ့ Hyung ရဲ့ ပုံစံက ရှင်းသန့်​နု​ချော​နေသည်​။

There For You (Completed)Where stories live. Discover now