7.2K 245 122
Zawgyi
အစကေနအဆံုးအထိ အတူရွိ​ေ​ပးခဲ့ၾကတဲ့အတြက္ အမ်ားၾကီးအမ်ားၾကီးကို ​ေကျးဇူးတင်ပါတယ် .. ။ မျက်​ရည်​လည်​ရွှဲမဟုတ်​​ပေမယ့်​ .. ဒီဖစ်​​ရေး​နေတဲ့ အ​တောအတွင်း ကိုယ်​လဲ ရင်​​တွေ​ ​တော်​​တော်​နာခဲ့ရပါတယ်​ .. ။
ကိုယ့်ရဲ့ ​normal fic ​လေးကို yizhan version အဖြစ်​ public ခြင်းပါပဲ .. ။
ဒါဆို ဒီ fic လေးထဲမှာ .. ကိုယ် သေချာမဖော်ပြနိုင်ခဲ့ဘူး ထင်တဲ့​နေရာ​လေးတွေ ပြောပြ​ပေးပါ့မယ် .. ၊၊
ကျန့်ကောအကြောင်း ​ပြောရရင် ..
ကျန့်ကောက ရိပေါ်ကို ချစ်ပါတယ် .. ။
ယောက်ျားမိန်းမ မရွေး ပွေရှုပ်တတ်လွန်းတယ်လို့ သတင်းကြီးတဲ့​ကောင်​​လေးငယ်​မို့ မယုံရဲခဲ့ .. သူကိုယ်တိုင် မျိုးတူယောက်ျားတစ်ယောက်အပေါ် ချစ်မိသွားတယ် ဆိုတဲ့အချက်အပေါ် ဝန်မခံရဲခဲ့တာပါ .. ။
ရိပေါ်ပြောခဲ့သလိုပဲ တုံးအလွန်း​တဲ့ ကျန့်ကောက ..
သူသာ ရိပေါ်ရှေ့က ပျောက်ကွယ်သွားရင် ရိပေါ်လဲ သူ့ကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ် .. စိတ်ကစားတဲ့ ခံစားချက်လဲ ပျောက်ကွယ်သွားမယ်လို့ပဲ ယူဆခဲ့တယ် .. ။
နောက်​ .. ရိပေါ်ရဲ့ နောက်ဆုံးနေ့ရက်တွေကို အိမ်ထောင်သည် ယောက်ျားတစ်ယောက်နဲ့ ဖောက်ပြားသူအဖြစ် လူတကာရဲ့ အပြောအဆိုအောက်မှာ မနစ်မွန်းစေချင်တဲ့အတွက် သူ့နှလုံးသားကိုပဲ စတေးဖို့ရွေးချယ်ခဲ့ပါသတဲ့ .. ။
မွေးစားညီမငယ်လေး ချီယိကိုလဲ ပစ်ပစ်ခါခါကြီး မစွန့်ပစ်နိုင်ပါဘူး .. ။ အဲ့ဒါကြောင့်လဲ အကြင်လင်မယားအဖြစ် မပေါင်းသင်းတဲ့တိုင် မောင်နှမသံယောဇဉ်နဲ့ပဲ ချီယိငယ်နဲ့ အမြဲအတူတူဆက်ရှိနေဦးမှာပါ .. ။
စိတ်​မ​ကောင်းစွာနဲ့ပဲ​ ထပ်​ဝန်ခံ​ရရင်​ ..
တစ်ေ​လျှာက်လုံးတင်မက နောက်ဆုံးအချိန်အထိ ကျန့်ကောက .. ရိပေါ်ရဲ့နှလုံးသားကို မြင်အောင်မကြည့်နိုင်ခဲ့ပါဘူး .. ။
💛
ရိပေါ်အကြောင်း ​ပြောရရင် ..
ရိပေါ်က အကုန်လုံးထင်ထားတာထက် ပိုသာပြီး​တော့ကို ဟန်ဆောင်ကောင်းလွန်းတဲ့ လူငယ်​​လေးရယ်​ .. ။ heart failure ကို grade 4 ရောက်တဲ့အထိ ဘယ်သူမှ မရိပ်မိအောင် ပိပိရိရိ ဖုံးကွယ်နိုင်ခဲ့တဲ့သူက .. ကျန့်ကောအပေါ် သူ့ရဲ့ချစ်ခြင်းမေတ္တာတွေကိုလဲ ဘယ်သူမှ မရိပ်မိအောင် ဖုံးကွယ်ထားနိုင်​ခဲ့တယ်​ .. ။
မြတ်နိုးခြင်း ကုဋေကုဋာ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now