Ep - 5 ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်း「 ဒုတိယအကြိမ်မြောက် တွေ့ဆုံခြင်း 」

2.7K 197 5
                                    

Zawgyi















" ဒီမှာ .. အဆင်ပြေရဲ့လား .. "

" . . . "

" . . . ဝမ်​ရိ​ပေါ် "




ညစာစားတဲ့အချိန်​ ကားထဲမှာသာ အိပ်​ကျန်​​နေခဲ့တဲ့ရိ​ပေါ်​က .. အခု သူ ပြန်​​ရောက်​လာချိန်​လဲ အိပ်​​နေဆဲသာမို့ .. ။ အိပ်​မက်​ဆိုး​ မက်​​နေဟန်​ ပုခုံး​တွေလဲ တသိမ့်​သိမ့်​တုန်​ရီ​နေ​သေးရဲ့ .. ။ သူစိမ်းတစ်​​ယောက်​ရဲ့ကား​ပေါ် နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​ရဲရုံမက အိပ်​မက်​ပါမက်​​နေနိုင်​​သေးတဲ့အထိ ရဲတင်းလွန်း​ကြောင်းကို​တော့ ဝန်​ခံရမယ်​ .. ။

အချိန်​​တစ်​ခုအထိ အိပ်​မက်​ဆိုးက နိုးထမလာနိုင်​ချိန်​မှာ​တော့ သူကပဲ အိပ်​ရာက နှိုး​ပေးလိုက်​ရပါတယ်​ .. ။




" အမ်း .. ​ဒေါက်​တာက ကျွန်​​တော့်​ကိုတင်​မက ကျွန်​​တော့်​နာမည်​ကိုပါ မှတ်​မိ​နေတယ်​​ပေါ့ .. စိတ်​ဝင်​စားစရာပဲ .. "



အိပ်​ချင်​မူးတူးပုံ​လေးနဲ့မလိုက်​ဖက်​စွာ ​ပြောလာတဲ့စကားလုံး​တွေက ​လှောင်​​ထေ့လိုဟန်​ အပြည့်​ပါဝင်​တယ်​ .. ။ ဒီအရွယ်​လူငယ်​​လေး​တွေက ကွန်​ဖီးဒန့်​​လယ်​ဗယ်​ဆိုးဟိုက်​လို့ သိပ်​လဲခက်​တာပဲ .. ။

မျက်​လွှာအသာချလို့ ​ရိ​ပေါ်ရဲ့စကားလုံး​တွေကို လျစ်​လျူရှုလိုက်​တယ်​ .. ။




" အခု ဘယ်ပြန်လိုက်ပို့ပေးရမလဲ .. "

" ခုဏ​ပြောခဲ့တဲ့စကား​ကို ပြန်​ရုတ်​သိမ်းတယ်​ ..
ဒေါက်​တာက လုံးဝစိတ်​ဝင်​စားဖို့ ​ကောင်းမ​နေဘူး .. တဆိတ်​ အဲ့ဒီ့မျက်​မှန်​ကြီး ချွတ်​ထားလိုက်​ပါလား .. ​ဒေါက်​တာနဲ့ မလိုက်​ဘူး .. "

" ရိ​ပေါ် .. "

" ကျွန်​​တော်​ တကယ်​​ပြော​နေတာ .. ​ဒေါက်​တာ့မျက်​လုံး​တွေက ဒီ​လောက်​လှတာကို အဲ့မျက်​မှန်​ကြီးက ဖျက်​လိုဖျက်​ဆီးနဲ့ .. "




ပါးစပ်​နဲ့​ပြောရုံမက လက်​ကလဲ သူ့မျက်​နှာဆီ လှမ်းလာတာမို့ အမြန်​​​ရှောင်​လိုက်​ရတယ်​ .. ။ အဲ့ဒီ့ဝမ်​ရိ​ပေါ်က ဘယ်​လို​လူငယ်​​လေးမှန်းကို မသိဘူး .. ။ ရဲတင်းလွန်းတယ်​ဆိုတာထက်​ပိုပြီး​တော့ကို ရဲတင်းလွန်းပါရဲ့ .. ။




မြတ်နိုးခြင်း ကုဋေကုဋာ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Opowieści tętniące życiem. Odkryj je teraz