Ep - 23 the Last Straw

1.4K 108 2
                                    

Zawgyi












ကုမ္ပဏီအပေါ်ဆုံးထပ် အမိုးပေါ်တက်တဲ့​လှေကားဆီ လှမ်း​လျှောက်လာခဲ့ရင်း .. ဝမ်ရိပေါ်ရဲ့စကားသံတွေက နားထဲမှာ တဝဲလည်​လည်​နဲ့ .. ။

စကားလုံးတစ်လုံးချင်းစီတိုင်းက အဆိပ်​သုတ်​လိမ်းထားတဲ့ အသွားထက်​ ဓါးတစ်ချောင်းလိုမျိုး .. ။ စကားစုတစ်​ခု ဖြစ်​တည်​ချိန်​တိုင်းမှာ​တော့ ဓါးချက်​အပြည့်​နဲ့ သူ့နှလုံးသားငယ်​က သွေးချင်းချင်းနီလို့.. ။


အမိုးထပ်ဆီ ​ခြေတစ်​လှမ်းချမိချိန်​မှာ အသိစိတ်​မဲ့စွာ ဟတ်​ခနဲ​ရယ်​ချလိုက်​မိတယ်​ .. ။

ရီ​ဝေမျက်​​ဝန်း​တွေနဲ့ ​ကောင်းကင်​ထက်​​မော့ကြည့်​လိုက်​​တော့ .. ပြာလဲ့ကြည်လင်ေ​​နတဲ့ ​ကောင်းကင်​​နောက်​ခံမှာ ဖြူလွလွတိမ်စိုင်​တစ်စက တ​ရွေ့​ရွေ့ခရီးဆက်​​နေခဲ့ .. ။



" ကျန့်ကောရဲ့ နှလုံးသားက​ရော ..
အဲ့ဒီ့တိမ်တစ်စထက်ပဲ ပိုပြီးဖြူစင်နေလေလျော့သလား ..
သိပ်ကို အရောင်တွေ စွန်းထင်းလွယ်လွန်းတယ် .. "



တစ်​ကိုယ်​တည်း ​ရေရွတ်​ရင်း ​ခြေလှမ်း​တွေကို မရပ်​တန့်​နိုင်​ခဲ့ .. ။

အမိုးစွန်းနား နီးကပ်​​လေ .. မွန်းကြပ်​​နေတဲ့စိတ်အစဉ်က ကြိုးပြတ်​သွားပြီဖြစ်တဲ့ ပိုင်ရှင်မဲ့​​စွန်​တစ်ခု​လို ​လွတ်လပ်ေ​​ပါ့ပါးလာ​လေနဲ့ .. ၊၊

ဟိုးငယ်​ငယ်​တုန်း​က​​တော့ ကျန့်​​ကောကသူ့ကို စွန်​လွှတ်​နည်း သင်​​ပေးခဲ့ဖူးတယ်​ .. ။ ​ကောင်းကင်​ထက်​ အမြီးဖားဖားနဲ့ ဝဲပျံ​နေတဲ့​စွန်​ငယ်​​လေးက ခပ်​မြင့်​မြင့်​​ရောက်​​လေ .. ပိုမို​သေးငယ်​သွား​လေနဲ့ .. ။ အဆုံးမှာ​တော့ ကြိုးပြတ်​ပြီး အ​ဝေးဆီ လွင့်​သွား​တော့တာပဲ .. ။

ကျန့်​ကောရဲ့ ပူ​ဆွေးရိပ်​​စွန်းထင်းပြီး ငိုင်​ကျသွားတဲ့ မျက်​နှာထားကို အခုထိ မှတ်​မိ​နေ​သေးရဲ့ .. ။

နောက်​ ..
မသိမသာတုန်​ယင်ေ​နတဲ့ ရစ်​ဘီးကိုင်​ လက်​တစ်​စုံကို​ရော .. ။

မြတ်နိုးခြင်း ကုဋေကုဋာ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now