Ep - 8 Secret

1.8K 149 0
                                    


Zawgyi










" ဒါကျုပ်တို့ကို သက်သက်ချိုးလိုက်တာပဲ .. "

" ရှယ်ရာရှင်အစည်းအဝေးဆိုတာ ခေါ်ချင်တိုင်းခေါ် ဖျက်ချင်းဖျက် .. သူ့စိတ်တိုင်းကျလုပ်နေလို့မှ မရဘဲ .. "

" ဒါတောင် မန်းနေးဂျင်းမဖြစ်သေးဘူး .. "

" ရှယ်ရာအများဆုံးပိုင်ရှင်အဆင့်နဲ့တောင် ဒီလောက်အခွင့်အရေးယူနေတာ .. မန်းနေးဂျင်းသာ ဖြစ်သွားကြည့် .. မြင်းဂျိုတပ်ပေးလိုက်သလိုဖြစ်သွားမှာ မြင်ယောင်သေးတယ် .. "

" . . . "




အစည်းအဝေးစချိန်ထက် တစ်နာရီကျော်လွန်ပြီးတဲ့တိုင် .. ဝမ်​ရိပေါ်က​တော့ အရိပ်အေ​ယာင်ေ​လး​တောင် ​​ပေါ်မလာသေး .. ။ ဒါ​ကြောင့်လဲ ရှယ်ရာရှင်တွေ ပြောကွက်ရနေခြင်းပင်​ .. ။

တစ်ယောက်တစ်ပေါက်​ပြောနေကြတာဆိုပေမယ့်​ အကုန်လုံးရဲ့ ဦးတည်ချက်က​တော့ ချွင်းချက်​မရှိ ဝမ်​ရိပေါ်ကို နာမည်ဖျက်နိုင်​ဖို့တစ်​ခုတည်း .. ။

လူကြီးလူကောင်းမဆန်စွာ ​လူယ်ေ​လးတစ်ယောက်အကြောင်း ဝိုင်းဖွဲ့အတင်းပြောနေကြတဲ့ ရှယ်ရာရှင်တွေကြား .. ဝမ်​ရိပေါ်ရဲ့အတွင်းရေးမှူးမလေး မေ့မေ့ခမြာ မျက်နှာ​ဆီးရွက်လောက်သာ ရှိတော့ရဲ့ .. ။




" ဘယ့်နှယ့်လဲ ..
ခုထိ အဆက်အသွယ်မရသေးဘူးလား ... "

" . . . "




ကုမ္ပဏီရဲ့ရှယ်ရာ ၁၅ ရာခိုင်နှုန်းပိုင်ရှင် ပိုင်လူကြီးမင်းက ခနဲ့သလိုမေးလာ​တော့ .. မေ့မေ့ ခေါင်းသာငုံ့ထားမိတယ်​ .. ၊၊

ဆရာကလဲ အခုထိ ဖုန်းမကိုင်သေးဘူးရယ်​ .. ၊၊

သူက​တော့ ရှယ်ရာရှင်တွေရဲ့အပြစ်တင်စကားထက် .. ဆရာ့ကိုပဲ ပိုပြီးစိုးရိမ်နေမိတာ .. ၊၊ ဝမ်​ရိပေါ်ဆိုတာ ဘာမဟုတ်တဲ့အကြောင်းကိစ္စလောက်နဲ့ အစည်းအဝေးဖျက်မဲ့သူမျိုးမှ မဟုတ်တာပဲ .. ။ လုံးဝသေချာတယ်​ .. ။ ဆရာ့မှာ တစ်​ခုခုအ​ရေး​ပေါ်​နေလို့သာ .. ။




" ကဲ .. ကျုပ်တို့ ပြန်သင့်ပြီထင်ရဲ့ .. "



ပိုင်လူကြီးမင်းရဲ့အပြောမှာ ..သူ့အတွေးစ​တွေ ပြတ်​တောက်​သွားရသလို ရှယ်ရာရှင်တွေလဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတယ်​ .. ၊၊

မြတ်နိုးခြင်း ကုဋေကုဋာ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now