Ep - 18 လန်ဒန်ခရီးစဉ် 「 လန်ဒန်ခရီးစဉ် 」

1.4K 136 2
                                    


Zawgyi









အိပ်​ရာထက်​မှ လူးလဲထလိုက်ရင်း .. နာရီကြည့်လိုက်တော့ မနက်ငါးနာရီခွဲ .. ၊၊

နေမကောင်းတဲ့အရှိန်​နဲ့ ညတုန်းကေ​စာစောအိပ်ယာဝင်ဖြစ်တယ်ပဲ​​ထင်​ .. ၊၊

ကိုက်ခဲနေတဲ့ နားထင်စပ်ကို လက်ညှိုးနဲ့အသာဖိရင်း .. ညက ဝမ်​ရိပေါ်ဆီ ဆေးတိုက်မသွားမိ​ကြောင်း ဦးဆုံးသတိရတယ်​ .. ၊၊ အိပ်ခန်းထဲမှ ဒယီးဒယိုင်ထပြီး ရေချိုးခန်းဆီသွားဖို့ပြင်တော့ .. ဧည့်ခန်းဆိုဖာထက်​ ကွေးကွေးလေးအိပ်ပျော်နေပါတဲ့ ဝမ်ရိပေါ် ... ၊၊



" ဝမ်​ရိပေါ် .. ဒီလူငယ်​​လေး ..  "



အိပ်ခန်းထဲပြန်ဝင် .. စောင်ပါးလေးတစ်ထည်ယူခဲ့ပြီး ဝမ်​ရိပေါ်ကိုယ်ပေါ် လွှားခြုံ​ပေးလိုက်တယ်​ .. ။ တဆက်​တည်းမှာပဲ .. ဘယ်အချိန်တုန်းက​များ သူ့ဆီ ရောက်လာပါလိမ့်ဆိုပြီး စဉ်းစားခန်းဖွင့်ရပြန်​တယ်​ .. ၊၊

တဆစ်ဆစ်ကိုက်ခဲ​နေတဲ့ နားထင်စပ်​တွေ တိုးလို့သာကိုက်ခဲလာရုံကလွဲ .. ညက အဖြစ်အပျက်တွေ ဘာတစ်ခုမှစဉ်းစားမရနိုင်​ခဲ့ .. ၊၊



" ထား​တော့ ..
ဘာမှ ထူးထူးခြားခြားလဲမဟုတ်​ပါဘဲ .. "



စိတ်​တည်​ငြိမ်​သွား​​စေဖို့ ဒီလိုပဲ ကိုယ့်​ကိုယ်​ကိုညာရတယ်​ .. ။ သွေးစို့​ပေါက်ပြဲ​နေတဲ့ နှုတ်ခမ်းသားတွေကို မသိမသာလျစ်​လျူရှုရင်းနဲ့ပါပဲ .. ။



" . . . ♩ "




ဝမ်​ရိပေါ်ကို​ကျောခိုင်းပြီး ရေချိုးခန်းဝင်ဖို့ ခြေလှမ်းပြင်​​ချိန် .. မြည်လာတဲ့ဖုန်း​သံကြောင့် ဧည့်ခန်းစားပွဲဆီ ပြန်လှည့်ရရဲ့ .. ၊၊

ညတုန်းက အိပ်ခန်းထဲ ဖုန်းမယူခဲ့မိမှန်း အခုမှပဲသတိရပါတယ်​ .. ။

နားထင်​စပ်​ဆီ နိုပ်​နယ်​​နေတာရပ်​ပြီး ဖုန်းကိုင်ဖို့ပြင်​​တော့ သူ့မျက်​ဝန်း​တွေ ပြူးကျယ်​သွားရတယ်​ .. ။

ဖုန်းစခရင်မ်ထက်​မှာထင်​ဟပ်​​နေတဲ့ ပြည်ပကောက .. ချီယိထံမှ ဖြစ်နေခဲ့တာမို့ .. ၊၊

မြတ်နိုးခြင်း ကုဋေကုဋာ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Opowieści tętniące życiem. Odkryj je teraz