Ep - 6 sweet potato

2.4K 176 0
                                    

Zawgyi











'' ချွမ်း .. ခလွမ်း .. ''




ခြေလှမ်း​တွေ​နောက်​ဆုတ်​ရင်း ​နောက်​နားမှာရှိ​နေတဲ့စားပွဲနဲ့ ထိမိသွားချိန်​မှာ​တော့ .. ဘယ်​ဘက်​လက်​ဖ​နောင့်​က စားပွဲခုံထက် သတိလက်လွတ် လှမ်း​ထောက်​မိတယ်​ .. ။ စားပွဲထက်​က ပန်းအိုးငယ်​​လေး​နဲ့မှ တိတိပပ​တိုက်​မိပြန်​တာမို့ သူ့မှာ အ​လောလှမ်းထိန်းလိုက်​ရ​သေးရဲ့ .. ။

အင်း .. ။
သေချာ​ပေါက်ကိုပဲ သူ့လက်​ထဲက​ချော်​ထွက်​လို့ .. ဧည့်​ခန်း​အောက်​အခင်းပြင်​ ​ကော်ဇော်နီနီထက်​ စံမြန်း​ပါတယ်​ .. ။ ခပ်​နိမ့်​နိမ့်​အကွာအ​ဝေးမှာ​တောင်​ အပိုင်းအစတစ်ခုစီအဖြစ်​ ​ကြွေလွင့်​ပျက်​သုန်းရင်းနဲ့တဲ့​လေ .. ။ သူ့ကံ​ဇာတာ​တွေ မိုး​ပေါ်အထိ ​ထောင်​တက်​​နေတာထင်​ .. ။




" ဒေါက်တာ ..
ဘာအဆင်​မ​ပြေတာများ ရှိသလဲ .. "



သူ့လှုပ်​ရှားမှု​ကြောင့်​နိုးလာတဲ့ရိ​ပေါ်က .. ပန်းအိုးအကွဲစ​တွေနဲ့ ဟိုဒီလွင့်​ကျ​နေတဲ့ ပန်းနှစ်​ခတ်​ဆီ .. တစ်​ချက်​မျှ​ဝေ့ကြည့်​ပြီး ​မေးခွန်းထုတ်​တယ်​ .. ။

မျက်​နှာထက်​ လက်​ဖဝါးနှစ်​ဖက် စုံပွတ်​သပ်​လိုက်​ရင်း သူ့အ​ဖြေက မဆီမဆိုင်​ရယ်​ .. ။




" ဆောရီး ဝမ်​ရိပေါ် .. 
ကိုယ် ခုပဲ ဆေးရုံပြန်မှဖြစ်မယ် .. "

" . . . reason ? "

" မနက်ပိုင်း ဆရာဝန်ကြီးတွေ round ချိန် ကိုယ်ရှိ​မှဖြစ်မှာမို့ .. "

" မနက်​စာအတူစားဖို့ အချိန်​မ​ပေးနိုင်​​တော့ဘူး​ပေါ့ .. "

" . . . "

" ရပြီ .. မ​နှောင့်​ယှက်​​တော့ဘူး .. "

" ကိုယ်​ တကယ်​အချိန်​မရ​တော့တာ .. "




အခု​နေရာက​နေ ​ဆေးရုံဆီအ​ရောက်​ ပြန်​သွားရမယ့်​အချိန်​ကို စိတ်​ထဲမှာတွက်​ဆကြည့်​ရင်း .. သူ့ငြင်းဆိုချက်​က မုသားကင်းတယ်​ .. ။ ဧည့်​ခန်းဆိုဖာထက်​ ခပ်​​လျော့​လျော့မှီထားရင်း စိတ်​ပျက်​ဟန်​နဲ့ဝမ်​ရိ​ပေါ်က​တော့ .. မျက်​ဝန်း​တွေ မှိတ်​ချလို့ တစ်​ခွန်းတည်းဆိုလာပါတယ်​ .. ။




မြတ်နိုးခြင်း ကုဋေကုဋာ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now