Ep - 15 နောက်ကျလွန်းတဲ့ တွေ့ဆုံချိန်တွေ 「 နောက်ကျလွန်းတဲ့ တွေ့ဆုံချိန်တွေ 」

1.6K 140 2
                                    


Zawgyi











တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့ ဆောင်းလေအေးတွေထဲ ..  မိုးရဲ့အငွေ့အသက်နဲ့အတူ ချမ်းစိမ့်စိမ့်နဲ့ .. ၊၊

ရေချိုးပြီးကတည်းက မွေ့ရာပေါ်ထိုင်နေမိတာ အခုချိန်ထိ အဝတ်အစားမလဲရသေး .. ၊၊

စေ့တယ်​ဆိုယုံလေး စေ့ထားတဲ့ လိုက်ကာ​တွေကြားထဲ .. တိုးဝင်လာတဲ့ လေအေးတွေက သူ့မျက်နှာဆီ ဖွဖွလာရိုက်ခတ်တယ်​ .. ၊၊

မကြာခင် မိုးပါပါလာတော့မယ်​ထင် .. ၊၊

ညဦးပိုင်းသာရှိသေးပေမယ့် တဖြည်းဖြည်းစိပ်လာတဲ့ လေတိုက်နှုန်းတွေကြောင့် .. ပြတင်းတံခါးပိတ်ဖို့ မွေ့ယာဆီမှ ထသွားလိုက်တယ် .. ၊၊

တဖြည်းဖြည်းကြမ်းလာတဲ့လေကြောင့်လဲ ဖြစ်​မယ်​ .. ။ လိုက်ကာစတွေက သူ့မျက်နှာဆီ တည့်တည့်လွင့်လာ​နေရဲ့ .. ။ လိုက်ကာစတွေကို ဆွဲစုပြီး တံခါးပိတ်ဖို့ပြင်လိုက်ချိန်မှာ​တော့ အိပ်ခန်းပြတင်းကနေ မြင်လိုက်ရတဲ့မြင်ကွင်းက သူ့ကို ရုတ်တရက်မင်သက်သွားစေတယ်​ .. ၊၊




" ဝမ်​ရိပေါ် .. "



ခပ်ကြမ်းကြမ်းလေအဝှေ့မှာ တ​မျိုး​ပြောင်းထားပြန်​တဲ့ ပန်းရင့်​​ရောင်ဆံစတွေက အရိုင်းဆန်စွာလွင့်ပါရင်း .. သူ့အိပ်ခန်းဘက်ကိုကျောပေးပြီး ရေကူးကန်ထဲ ခြေချထိုင်နေတဲ့ ကောင်ငယ်လေး .. ၊၊

မီးရောင်အောက်မှာ နောက်ကျောပေးအနေအထားနဲ့မို့ ဘယ်သူမှန်း မသိသာပေမယ့် .. ဒီအချိန်​ကြီး ဒီကိုယ်​​​နေဟန်​ထားနဲ့ ရူးနှမ်းနှမ်း​တွေလုပ်​​နေတာဆို​တော့ ဝမ်​ရိပေါ်တစ်ေ​ယာက်တည်း​​ပဲရှိမှာ .. ၊၊

လက်ထဲမှာ စုထုံးပြီးကိုင်ထားတဲ့ လိုက်ကာစတွေကို ချက်ချင်းလွှတ်ချပြီး ​ရေကူးကန်​ဘက်​ ​ပြေးဆင်း​လိုက်ရတယ်​​ .. ၊၊

မ​တော်​လို့များ ..
ဒီလူငယ်​​လေး ထပ်​ပြီး​တော့နာဖျားရင်​ သိပ်​ကိုခက်​ပါမယ်​ .. ။



" ဝမ်​ရိပေါ် .. "



အသံအနည်းငယ် ကျယ်သွားတယ်​ပဲထင်​ .. ၊၊
ဝမ်​ရိပေါ်က လည်​ပြန်​လှည့်​ကြည့်​လာတယ်​ .. ၊၊

မြတ်နိုးခြင်း ကုဋေကုဋာ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now