Ep - 31 ခင်ဗျားမမြင်နိုင်ခဲ့တဲ့ ကျွန်တော့်နှလုံးသား

2.5K 151 51
                                    

Zawgyi

" ဒေါက်တာ .. "

" ... "

လေဆိပ်မှာ တကူးတကလာ​စောင့်နေတဲ့ ဟိုက်ခွမ်းကို​တွေ့တော့ မျက်လုံးပြူးရတယ်​ .. ၊၊

သူ ဒီနေ့ပြန်လာမယ်​အ​ကြောင်း ဘယ်လိုသိသွားပါလိမ့်ဆိုပြီး အံသြခြင်းထက် တစ်စုံတစ်​ယောက်​အတွက်​ ပိုပြီးစိုးရိမ်မိ​တာပါပဲ .. ။ ဆိုပြန်​​တော့ .. သူ ဘယ်သွားတယ် ဘာလုပ်တယ်​တွေ အကုန်လုံးကို တိတိကျကျသိနိုင်​ဖို့ ဟိုက်ခွမ်းတို့ ရိပေါ်တို့အတွက်က အလွယ်လေးမဟုတ်လား .. ၊၊

" ကားပေါ်တက်ပါ ဒေါက်တာ ..
ကျွန်တော် ဒေါက်တာ့ကို လာကြိုတာ .. "

" အာ .. နေပါစေ .. "

" အားမနာပါနဲ့ ဒေါက်တာ ..
မဟုတ်ရင်လဲ ကျွန်တော်ပဲ ထပ်လာခေါ်နေရမှာမို့ .. "

" ဘယ်လို .. "

" ကားပေါ်ရောက်မှပဲ အေးဆေးပြောကြတာပေါ့ .. ဟုတ်​လား .. "


ကားပေါ်ပဲ စွတ်တက်ခိုင်းနေတဲ့ ဟိုက်ခွမ်းက ​တော်​​တော့်​ကို မသင်္ကာစရာ​ကောင်းတယ်​ .. ။ သူ့မှာ မျက်ခုံးတွေ​တောင်​ လှုပ်လာရပါတယ်​ .. ၊၊

ဆို​ပေမယ့် .. မဖြစ်မနေ​ဖြေရှင်းရမယ့် ပြဿနာမို့ သူက ထပ်​ပြီးလဲ ရှောင်ပြေးမနေချင်တော့ပါဘူး .. ၊၊ တုံးတိုက်တိုက် ကျားကိုက်ကိုက်သာ ဖြေရှင်းပစ်လိုက်ချင်​​တော့တာ .. ၊၊ ခက်တာက ဘယ်လိုပဲ ထိပ်တိုက်ဖြေရှင်းနေပါစေ .. ။ တုံးလဲမတိုက် ကျားလဲ မကိုက်ပဲ .. အဆုံးမသတ်နိုင်တဲ့ ဇာတ်မြောကြီး ဖြစ်နေတာရယ်​ .. ၊၊

" ဟူး .. "

စိတ်တွေလေးပင်စွာနဲ့ သက်ပြင်းတွေပဲ အကြိမ်ကြိမ်​​ချနေမိတယ်​ .. ၊၊ ဟိုက်ခွမ်းက အလိုက်တသိ တိတ်ဆိတ်နေပေးတော့ .. ကားကူရှင်ပေါ် စိတ်ရှိလက်ရှိမှီချလိုက်ပြီး စိတ်ညစ်​ညူးစွာပဲ မျက်ဝန်းအစုံကို မှေးမှိတ်ပစ်​လိုက်တယ်​ .. ၊၊

တကယ်ဆိုရင်​ ဘာမှမဟုတ်တဲ့ အခြေအနေလေးတစ်ခုပါပဲ .. ၊၊ အဲ့ဒါကိုတောင် ဒီလောက်မွန်းကြပ်နေမိရင် ချီယိငယ်​ဆို ဘယ်လောက်များ မွန်းကြပ်နေခဲ့မှာပါလိမ့် .. ၊၊

မြတ်နိုးခြင်း ကုဋေကုဋာ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now