Ep - 13 မသိခ်င္ခဲ့တဲ့ အမွန္တရား 「မသိချင်ခဲ့တဲ့ အမှန်တရား」

1.7K 133 2
                                    

Zawgyi












"" ... ♫  ""



မျက်ရည်တွေနဲ့​ဝေဝါးနေတဲ့ မျက်ဝန်းအစုံကို လက်ဖမိုးနဲ့ပွတ်ရင်း .. ဖုန်းခေါ်သူကိုကြည့်​တော့ မရင်းနှီးတဲ့နံပါတ်စိမ်း​က ဆီးကြိုတယ်​ .. ၊၊



" ဟယ်လို .. "

" ဟျောင့် .. ဟိုက်ခွမ်း ..
ငါ တရုတ်ပြည် ပြန်ရောက်နေပြီကွ .. "

" ... "



တစ်ဖက်က ရင်းရင်းနှီးနှီးပြောနေပေမယ့် .. သူကတော့ အခုချိန်ထိ ဘယ်သူမှန်း စဉ်းစားလို့မရသေး .. ၊၊



" မင်းအချိန်ရရင် ငါတို့ တစ်နေရာမှာဆုံရအောင်လေ .. "

" စိတ်မရှိပါနဲ့ .. အခု ပြောနေတဲ့သူက ..  "

" ဟား .. လုဟိုက်ခွမ်း ခွေးလိုကောင် ..
မင်းက ငါ့အသံကိုတောင် မမှတ်မိတော့ဘူးပေါ့လေ .. "



ခွေးလိုကောင်လို့​ခေါ်တော့မှ ဘယ်သူမှန်းရိပ်မိရတယ်​ .. ၊၊
သူ့ကို ဒီလိုမျိုး​ခေါ်တတ်​တာ ဝမ်​ကျိုးချန်​ကလွဲရင်​ ဘယ်​သူများ ရှိ​​သေးလို့လဲ .. ။



" မဟုတ်မှ .. ကျိုးချန် .. "

" မဟုတ်မှတွေ ဟုတ်မှတွေ လုပ်မနေနဲ့ ..
မင်းအချိန်ရလား .. ငါတို့ တစ်နေရာမှာတွေ့ရအောင် .. "

" မရလို့ ဖြစ်မလားကွ ..
ဘယ်မှာ ဆုံမလဲသာပြော ... "

" ဘားတစ်ခုခုမှာဆို ပိုအဆင်ပြေမယ် ..
ခုလောလောဆယ် ငါ့အခြေအနေက နည်းနည်း .. "

" ... "




ဆုံရမယ့်​​နေရာ​ပြောပြီးတာနဲ့ ဖုန်းချပြီး .. ကားကို လမ်းမပေါ် ပြန်တက်လိုက်တယ်​ .. ၊၊

မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ ဝမ်​ကျိုးချန်နဲ့ စကားလက်ဆုံကျရင်း .. သူ့ရင်ထဲကဒဏ်ရာတွေလဲ ရင်ဖွင့်ပြီး .. အနည်းငယ်လောက် ​စိတ်သက်သာရာရနိုင်ဖို့ ​မျှော်လင့်ချက်ယဲ့ယဲ့လေးနဲ့ .. ၊၊




🍃




ရှောင်းကျန့် .. ​ဆေးရုံမှာ ယွီပင်းနဲ့ မျက်နှာချင်းမဆိုင်ဖြစ်အောင် အတော့်ကို ကြိုးစားရှောင်နေမိတယ်​ .. ၊၊

မြတ်နိုးခြင်း ကုဋေကုဋာ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Hikayelerin yaşadığı yer. Şimdi keşfedin