Ep - 28 မြေစာပင် 「 မွစောပငျ 」

1.7K 120 21
                                    


Zawgyi












လန်ဒန်ကို သူ​ရောက်​သွားေ​​တာ့ .. ချီယိရဲ့ အတွင်းရေးမှူးမလေးကပဲ ချီယိရှိနေတဲ့ ဆေးရုံကြီးရဲ့ ICU - အထူးကြပ်မတ်ကုသခန်းဆီ လိုက်ပို့ပေးတယ်​ ..  ၊၊



" မန်နေးဂျင်း ခုဏကပဲ သတိရတယ် ..
ဆရာတစ်​​ယောက်​တည်းပဲ ဝင်သွားလိုက်မလား .. မေရီ အပြင်မှာပဲ စောင့်​နေ​ပေးမယ် .. "

" ... "



အသိအမှတ်ပြုသလို ခေါင်းညိမ့်ပြပြီး ချီယိရှိရာ ဝင်ခဲ့လိုက်တယ်​ .. ။ ကုတင်ငယ်​ထက်​ အားနည်း​​ဖျော့​တော့စွာ မှေးစက်ေ​နတဲ့ ချီယိကို ရင်နာစွာ​ပဲ ​တွေ့မြင်​ရပါတယ်​ .. ။



" ချီယိ .. "



လက်ဖဝါးငယ်​ကို ခပ်ဖွဖွဆုပ်ကိုင်ရင်း တိုးတိုးဆိုမိ​တော့ .. ချီယိငယ်​ရဲ့ နှုတ်ခမ်း​ထောင့်စွန်းေ​​လး​တွေ တွန့်ကွေးသွားတယ်ထင်ရဲ့ .. ၊၊

သူ့ကိုမြင်ရင် တက်​မတက်ချက်​မတက်​ ငိုနေရင်းတောင် ချက်ချင်းပြုံးရွှင်သွားတတ်တဲ့သူက .. အခုလို နှုတ်ခမ်း​လေးတွန့်ရုံ ပြုံးလာ​တော့ သူ့ရင်​တွေ ပိုလို့သာနာရတယ်​ .. ။

ကိုယ့်ကိုယ်ကို အထင်​ကြီးပြီး အေ​​​ပြး​ရောက်လာခဲ့​ပေမယ့် .. ​ချီယိက​တော့ သူ့ကို လိုအပ်​မ​နေခဲ့ဘူးပဲ ထင်​ပါတယ်​ .. ။



" နေသာရဲ့လား .. "

" အိပ်မက်တော့ မဟုတ်ဘူးမလား .. "


ချီယိက မျက်ဝန်းအစုံ ဖွင့်​ကြည့်​မလာ​သေးဘဲ ပြန်​​ဖြေ​ပေးရှာရဲ့ .. ။

သူ့လိုလူကို မျက်​နှာချင်းဆိုင်​ရဖို့​တောင်​ တွန့်​ဆုတ်​​နေဟန်​နဲ့​လေ .. ။ အင်း .. ရှက်​ရွံ့စရာပါပဲ .. ။



" ဘယ်လိုထင်သလဲ .. "

" အိပ်မက်မဟုတ်မှန်းတော့ သိသား ..
ဒါမဲ့ .. အိပ်မက်ဖြစ်နေရင် ပိုကောင်းမယ်ထင်မိတာပဲ .. "

" ... "

" ကျန့်ကော .. ဒီကို ဘာအတွက်ရောက်လာခဲ့မှန်း ချီယိ မသိဘူး .. သိလဲ မသိချင်ဘူး .. တစ်ခုပဲ .. ချီယိ အခုလိုဖြစ်သွားတဲ့အတွက် ရောက်လာတာမဟုတ်ဖို့တော့ မျှော်လင့်မိပါရဲ့ .. "

မြတ်နိုးခြင်း ကုဋေကုဋာ 「ᴄᴏᴍᴘʟᴇᴛᴇᴅ」Where stories live. Discover now