အပိုင်း - ၇

Start from the beginning
                                    

ဖုန်းကိုမြန်မြန်ဘေးချလိုက်ပြီး ပူနေတဲ့သူ့မျက်နှာကို ကိုင်လိုက်တယ်။ ပုံမှန်အတိုင်းပြန်ဖြစ်ဖို့တောင် တော်တော်လေးအချိန်ယူလိုက်ရတယ်။

သူ့ဖုန်းscreen လင်းလာပြန်တယ်။ ကျီလျောင်ငုံ့ကြည့်လိုက်တော့ သုံးစက္ကန့်စာအသံဖိုင်နောက်တစ်ခုကို တွေ့သွားတယ်။

တွန့်ဆုတ်ဆုတ်နဲ့ ခက်ခက်ခဲခဲတံတွေးမြိုချပြီး နားထောင်သင့်လား နားမထောင်သင့်လား ဝေခွဲနေမိတယ်။ ဟဲ့ချန်းမင်အသံက အရမ်းကိုမြူဆွယ်နိုင်စွမ်းရှိတာကြောင့် သူသာနောက်တစ်ခါထပ်နားထောင်မိရင် သူကွေးတော့မယ်လို့ ခံစားချက်တွေရနေတယ်။

ဒါပေမယ့် နောက်စက္ကန့်ပိုင်းလောက်မှာပဲ သူ့လက်တွေကလိမ်လိမ်မာမာနဲ့ playကို နှိပ်ပြီးသွားပြီ “baby ကိုယ်တောင်းပန်ပါတယ်… မင်းဘယ်ရောက်နေတာလဲ ကိုယ့်ကိုပြောပါအုံးနော်?”

ဒီတစ်ကြိမ်မှာ သူ့အသံကပိုတောင်ပျော့ပျောင်းနေပြီး အဆုံးမှာ ဖျားယောင်းတဲ့အရိပ်အယောင်တောင်ပါနေသေးတယ်။

ကျီလျောင် တောင့်တင်းအေးခဲသွားတယ်။

တဖက်လူက အဲ့လိုမျိုးစကားတွေပြောနေချိန်မှာ ဘယ်လိုအမူအယာမျိုးလုပ်နေလဲဆိုတာ သူပုံတောင်မဖော်နိုင်တော့ဘူး။ သူကိုတောင်းပန်တာတောင် လုပ်နေသေးတယ်?

ကျီလျောင် ရူးတော့မလိုပဲ။ ဟဲ့ချန်းမင်က ဘယ်လိုဖြစ်ပြီးဒီလိုတွေ လုပ်နေရတာလဲ?! သူ့ကိုယ်သူကျောင်းလူမိုက်ဆိုတာရော မှတ်မိသေးရဲ့လား?!

မောက်မာပြီး အထက်စီးဆန်တာတွေ ဘယ်မှာလဲ? ဒေါသကြီးပြီး ထင်တိုင်းကြဲတယ်ဆိုတာကရော ဘာလဲ?

အဲ့တာတွေ တခုမှမဟုတ်ဘူးဆိုရင်တောင် ဘာကြောင့်အရမ်းနူးညံ့ပြနေရတာလဲ?!

ကျီလျောင့်နှလုံးသားလေးက ဘယ်လိုမှမခံစားနိုင်တော့တာကြောင့် သူ့ရင်ဘတ်ကိုဖိပြီး ကန်တင်းကနေမြန်မြန်ထွက်လာခဲ့တယ်။

သူအရေးတကြီး လေကောင်းလေသန့်ရှုဖို့လိုနေပြီ။

ဟဲ့ချန်းမင် WeChatကနေ ဘာပြန်စာမှမရတာကြောင့် သည်းကြီးမည်းကြီးစတင်ရှာဖွေတော့တယ်။

ကျောင်းလူဆိုးလေးက လာကြိုက်နေတာ ဘယ်လိုလုပ်ရပါ့ [ဘာသာပြန်] {Complete}Where stories live. Discover now