အပိုင်း ၉

Start from the beginning
                                    

‌အောင်‌မြင်‌‌နေတဲ့ ကုမ္ပဏီကို ဦးစီး‌နေတဲ့ နာမည်‌ ခပ်‌ဆန်းဆန်းနဲ့ လူတစ်‌‌ယောက်‌ကို စ‌တွေ့ကတည်းက ‌လေးစားခဲ့မိသည်‌။အသက်‌‌လေးဆယ်‌ အရွယ်‌ဟာ အခုမှ ဘဝစတုန်းအရွယ်‌ပါ။မိဘရဲ့ လက်‌ငုတ်‌လက်‌ရင်း ကုမ္ပဏီကို အသက်‌နှစ်‌ဆယ်‌‌ကျော်‌အရွယ်‌ကတည်းက ဦး‌ဆောင်‌ခဲ့သည်‌ ဆိုတာကို သိရ‌တော့ ချီးကျူးမိသည်‌။

မိဘလက်‌ထက်‌မှာ ရှိစဉ်‌ထက်‌ ပိုမို‌အောင်‌မြင်‌‌အောင်‌ စွမ်း‌ဆောင်‌နိုင်‌ခဲ့သည်‌မို့ ပြိုင်‌ဖက်‌ကုမ္ပဏီ‌တွေကြား နာမည်‌သတင်း‌မွှေးခဲ့သူပါ။

အချိန်‌ကြာလာသည်‌နဲ့အမျှ သိလာရတာက ဝန်‌ထမ်း‌တွေ အ‌ပေါ် ကိုယ်‌ချင်းစာစိတ်‌နဲ့ အုပ်‌ချုပ်‌တတ်‌ပြီး တစ်‌ကိုယ်‌‌ကောင်းစိတ်‌မ‌မွေးတတ်‌တဲ့ CEO တစ်‌‌ယောက်‌မို့ အများရဲ့ ‌လေးစားခြင်းကို ခံရသူလည်း ဖြစ်‌သည်‌။ ကုမ္ပဏီ မှာ လုပ်‌ကိုင်‌တာ ကြာလာသည်‌နဲ့အမျှ ‌တစ်‌‌နေ့ ‌ခေါင်‌ထက်‌လို ‌အောင်‌မြင်‌ချင်‌တဲ့ ‌စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်ချင်စိတ်လည်း ကြီးစိုးလာသည်။
ခေါင်‌ထက်‌ဟာ ဟိန်းစစ်‌ရဲ့ စံပြပုဂ္ဂိုလ်‌ဖြစ်‌လာပါ‌ တော့သည်‌။

"ညီငယ်‌. . .ညီငယ်‌"

"အဲ. .ဟို. . .‌ဗျာ"

"လက်‌မှတ်‌ထိုးပြီးပြီ။"

"ဟုတ်‌ .ဟုတ်‌ကဲ့"

‌ခေါင်‌ထက်‌ကို ‌ငေး‌မောပြီး အ‌တွေးများ‌နေတာ အရှိန်‌လွန်‌သွားတာမို့ ခပ်‌ရှက်‌ရှက်‌နဲ့ပဲ ဖိုင်‌တွဲကို လက်‌နှစ်‌ဖက်‌နဲ့ လှမ်းယူကာ လာရာလမ်းအတိုင်း ပြန်‌လှည့်‌ဖို့ ‌ခြေလှမ်းအပြင်‌

"ညီငယ်‌. .ညီငယ်‌ . .ခဏ‌နေပါဦး။အစ်‌ကို ‌ပြောစရာရှိလို့"

"ဟုတ်‌ကဲ့ ဆရာ"

"ခဏ‌နေ အပြင်‌သွားစရာ ရှိတယ်‌။လိုက်‌ခဲ့‌ပေးလို့ ရမလား။"

ဟိန်းစစ်‌ နာရီကို လှမ်းကြည့်‌လိုက်‌‌တော့ ၁၂နာရီ ထိုး‌တော့မယ်‌။ထမင်းစားဆင်းချိန်‌‌တောင်‌ ‌ရောက်‌‌တော့မယ်‌။မနက်‌က အိမ်‌ကို ပြန်‌‌ရောက်‌‌ရောက်‌ချင်းပဲ အ‌မေ့အတွက်‌ စားဖို့‌သောက်‌ဖို့ ပြင်‌ဆင်‌‌ပေးခဲ့ပြီး ထမင်းချိုင့်‌ထည့်‌ ‌ရေမိုးချိုးပြီး ရုံးချိန်‌အမှီ အပြန်‌အ‌ပြေးလာ ခဲ့ရသည်‌။အ‌မေ့ကို ညအိပ်‌‌စောင့်‌‌ပေးတဲ့ ရဲထက်‌ကို‌တောင်‌ ‌ကျေးဇူးတင်‌စကား ‌ကောင်း‌ကောင်းမ‌ပြောရဘဲ

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now