Chapter16

5.1K 457 54
                                    

(zawgyi)

အိပ်နေရာမှ ဖုန်းသံမြည်လာသောကြောင့် ကြည့်လိုက်တော့ Jimin။ ခပ်သွက်သွက်ဖုန်းကို ကောက်ကိုင်ကာ နားနားကပ်ထားလိုက်သည်။

" Jungkookရေ ဒီမယ် မင်းလင်သေမလိုဖြစ်နေပြီ "

" ဟင် Taeဘာဖြစ်လို့လဲ! "

ရုတ်တရပ် ကြားလိုက်သော စကားကြောင့် အိပ်ချင်နေသည့် စိတ်တို့က ကြက်ပျောက်ငှက်ပျောက်။

" နေမကောင်းလို့လေ အဲ့မှာတချိန်လုံး မင်းနာမည်ပဲ အော်နေတယ် "

" သြော် Jiminရယ် ခဏလေးကြည့်ထားပေး Hyungအခုလာခဲ့မယ် "

Jimin၏ စကားဆုံးမှ ရင်ထဲမှ အပူတွေ ငြိမ်းသွားတော့သည်။ စောက်ကလေး နှစ်ယောက် တစ်ပုံစံနည်းပဲ လူကို နည်းနည်းမှ စိတ်ပူအောင် မလုပ်ရရင်မနေနိုင်ဘူး။

" Jungkook မင်းမနေ့ကTaeကို ငြင်းလိုက်တယ်မလား "

" အင်းလေ Jiminရလည်း သူ့ကို နည်းနည်းတော့ ခံစားစေချင်တာပေါ့ Hyungခံစားခဲ့ရတာတွေလည်းအများကြီးကို "

" အေး မင်းအိမ်ကို၁၅မိနစ်အတွင်း ရောက်မလာရင် မင်းTaeကို မင်းရဲ့အစီစဉ်တွေအကုန်ပြောလိုက်မှာ "

စကားအဆုံး ဖုန်းချသွားသော Jiminကြောင့် အိပ်ယာပေါ်မှ အလျှင်အမြန်ထပြီး ရေချိုးခန်းထဲဝင်ကာ မျက်နှာသွားသစ်ရတော့သည်။ မနေ့က သူလည်းမိုးမိထားသည်မို့ ခေါင်းက မူးနောက်နောက်နဲ့။

သို့သော်လည်း ParkJimin၏ ရာဇသံကြောင့် ရေပင်မချိုးနိုင်သလို Busလည်မစီးနိုင်ပဲ Taxiနဲ့သာ ချစ်ရသူဆီကို အပြေးလာမိသည်။ တကယ် စောက်ကောင်းကျိုးမပေးတဲ့ ကလေးတွေ…

                     ~•~•~•~

" TaeHyung မင်းလင်လာတော့မယ် နည်းနည်းပါးပါးလည်း ဖျားချင်ယောင်ဆောင်ပါဦးသေနာရဲ့! "

ParkJiminရဲ့ စကားသံအဆုံး TaeHyung အိပ်ယာပေါ်အမြန် တက်လိုက်ပြီး စောင်ခေါင်းမူးခြုံလိုက်သည်။

ချစ်ရသူလေးရဲ့ လျှို့ဝှက်အကြံစည်များကိုParkJiminဆီမှ သိရှိပြီးနောက်မှာတော့ မျောက်အုန်းသီးရသလို ပါးစပ်နားရွက်တက်ချိတ်တော့မတတ် ပျော်နေသည့် KimTaeHyungရယ်ပါ။

Limited Edition ( Completed )Where stories live. Discover now