(zawgyi)
" TaeHyung တကယ် ချစ်စရာလေးကွ "
ကားပေါ်မှာ သူ့ပေါင်ပေါ်ခေါင်းတင်ကာ အိပ်ပျော်နေတဲ့ ကောင်လေးကို ပစ်မှားနေကြတဲ့ သူ့သူငယ်ချင်းတွေပေ။
" မင်းကောင်လေးလား? "
" အေး "
အနောက်ခုံကနေ အရှေ့ခုံကိုလာပြီး အသည်းငယ်ရဲ့ ဆံပင်ကို ခပ်ဖွဖွလာထိတာကြောင့် ဒေါသကထောင်းခနဲ။
လာကိုင်တဲ့ Minhoရဲ့ လက်ကို ဆွဲဖယ်လိုက်ပြီး ကလေးရဲ့ ကိုယ်ပေါ်ကို သူ့hoodieလေး အုပ်ထားပေးလိုက်သည်။
" ခွေး ကောင် သိပ်ကို အူတိုတတ်နေပါလား "
အသံကျယ်ကျယ်နဲ့ အနောက်ခုံကိုပြန်ရောက်သွားတဲ့ MinHoကို ဘာမှဆက်မပြောတော့။ အကြောင်းကား ကားပေါ်မှာ မိန်းကလေးတွေလည်း ပါသည်မို့ the whole king imageထိခိုက်ရန် မလိုလား။
" Tae ဘေးမှာ Haeလာထိုင်လို့ရတယ်မလား "
ရုတ်တရပ် ဘေးမှာ လွတ်နေရာ နေရာကို ဝင်ထိုင်လိုက်တဲ့ HaeWonကြောင့် သူ့မှာ ကြောင်တောင်တောင်လေး။ HaeWonဆိုသည်မှာ သူ့လိုပဲ The Whole Queen တစ်ယောက်ဖြစ်သလို ရုပ်ရည်ကလည်း ချောသည်ထက်ကို ပိုသည်။
" Tae ကျောင်းပိတ်တော့မှာလေ Autoလေး "
" အာ ဟုတ်ကဲ့ "
ပေးလာတဲ့ စာအုပ်နဲ့ ဘောပင်နဲ့ကိုယူကာ လက်မှတ်ထိုးလိုက်ပြီး စာအုပ်ကို သူမဆီသို့ ပြန်ထိုးပေးလိုက်သည်။ အရမ်း ယွလွန်းတဲ့ သူမကို မမြင်ချင်တာမို့ အကြည့်တို့အား ကလေးမျက်နှာဆီကိုသာ ပို့ထားလိုက်သည်။
" ဟိုလေ Tae ဓာတ်ပုံတစ်ပုံလောက် "
ပြောချင်ရာပြောပြီး ဇွတ်သူ့ပုခုံးကို လှမ်းဖတ်ကာ ဓာတ်ပုံရိုက်သည်။ ပုံမှန် စိတ်နဲ့သာဆို အရမ်းဒေါသထွက်နေပြီမို့ ဆွဲထိုးလိုက်ချင်ပေမဲ့ Ommaက မိန်းကလေးတစ်ယောက်ကို ထိခိုက်အောင် မလုပ်ရဘူးဆိုလို့သာ ရှောင်နေရခြင်းပေ။
" ပြီးပြီမလား သွားတော့! "
သူမစိတ်ကြိုက် မြောက်မြားစွာသော ဓာတ်ပုံများကို ရိုက်ပြီးသော်လည်းပဲ ထွက်သွားခြင်းမရှိတာကြောင့် နှင်ထုတ်လိုက်ရသည်။ ထိုအခါမှသာ ဆူပုတ်ပုတ်နဲ့ ထထွက်သွားသည်။
ČTEŠ
Limited Edition ( Completed )
FanfikceVkook Sugar Daddy + Baby Witch written by Yeongie မဖတ်ကြပါနဲ့နော်.. လုံးဝမကောင်းပါဘူး ပထမဆုံးရေးတဲ့ficလေးမို့ မဖျက်ပဲ ထားထားတာပါ။ မဖတ်ကြပါနဲ့နော်.. လုံးဝမကောင်းပါဘူး ပထမဆုံးရေးတဲ့ficလေးမို့ မဖျက်ပဲ ထားထားတာပါ။