Chapter14

4.8K 455 18
                                    

(zawgyi)

" ဒီက ဘယ်သူလဲမသိဘူးရှင့် "

ဆရာဝန်မလေးရဲ့ အမေးစကားအတွက် TaeHyungမှာ အဖြေမရှိ။ ဆေးရုံခန်းရှိ ကုတင်ထက်ဝယ် လှဲနေတဲ့ Jungkookရဲ့ လက်ကိုသာ ဆုပ်ကိုင်ရင်း မျက်ရည်ကျမိသည်။

" Dr Jeonရဲ့ ကောင်လေးထင်တယ် ဟိုလေ Dr Jeonက ပင်လယ်စာနဲ့ မတည့်တာ မသိခဲ့ဘူးလားဟင် "

" တကယ် ကျွန်တော် မေ့သွားလို့ပါ "

တုန်ယင်နေသော အသံနဲ့ ပြန်ဖြေလိုက်သည်။ Jungkookသာ ဒါကို သိရင် ဘယ်လောင်တောင် အားငယ်နေလိုက်မလဲ။ မိန်းကလေးတစ်ယောက်ရှေ့မှာ ကိုယ့်ချစ်သူက ကိုယ့်အကြောင်း ဘာမှမသိဘူးဆိုရင်။

" ဒါနဲ့ ကျွန်မ ဟိုတစ်ခေါက်ကတောင် Dr Jeonကို သတိပေးလိုက်သေးတယ် ယောင်္ကျားလေး သားအိမ်ထည့်ထားတာမို့ ဂရုစိုက်ပါလို့ဆိုတာ Dr Jeonရဲ့ ကိုယ်ဝန်လည်း ပျက်သွားပါတယ်ရှင် နောက်တစ်ခါ ကလေးယူလို့လည်း မလွယ်လောက်တော့ဘူး "

" ဗျာ! "

သူအလန့်တကြားထအော်မိသည်။ ဘယ်လို ကိုယ်ဝန်တောင် ဆောင်ရတဲ့အထိ။ ဘာလို့များလည်း Jeonရယ်။ ဘာလို့ အကုန်လုံးကို ဖုံးကွယ်ထားတာလဲ။

" ကျွန်မ ကြည့်စရာလူနာရှိလို့သွားလိုက်ပါဦးမယ် "

ထွက်သွားတဲ့ ဆရာဝန်မလေးကို ခေါင်းငုံ့အရိုသေပေးလိုက်ပြီး အိပ်ယာထက်ဝယ် ဖြူဖျော့ဖျော့လဲနေတဲ့ Jeonကို ကြည့်ရင်း မျက်ရည်ကျမိသည်။ ညနေထဲကမေ့နေသည်မှာ ညည့်နက်သည်အထိ သတိပြန်မရသေး။

သူမေ့ခဲ့သည်။ Jeonက ပင်လယ်စာနဲ့ မတည့်ဘူးဆိုတာ။ တကယ်ဆို သူဘာမှကို စဉ်းစားလို့ မရတော့တာ ဖြစ်ပေလိမ့်မည်။

Jeonရဲ့ ခပ်သေးသေး လက်ဖမိုးလေးပေါ် နဖူးအပ်ကာ ငိုမိသည်။ သူက Jeonအတွက်တော့ တကယ်မကောင်းတဲ့ ကောင်ပဲ။ ငယ်ငယ်ထဲက သူJeonကို နှိပ်စက်ထားတာက အခုမှ ပြန်မှတ်မိလာသည်။ Taeက သေသင့်တဲ့ လူပါJeon။

" ဟင် Jeon နိုးလာပြီလား "

မျက်လုံးပွင့်လာတဲ့ Jeonက သူ့ကိုကြောင်တောင်တောင်နဲ့ကြည့်နေပြီး မျက်နှာကိုတစ်ဖက်သို့လွှဲသွားသည်။ သူဆုပ်ကိုင်ထားသည့် လက်ကို လည်း ရုန်းကန်သွားသည်။

Limited Edition ( Completed )Where stories live. Discover now