Chapter10

4.8K 485 30
                                    

[zawgyi]

" KooKoo!!!!!! "

အော်သံနှင့်အတူ ရုတ်တရပ် လန့်နိုးလာသော TaeHyungကြောင့် Jungkook အိပ်နေရာမှ လန့်သွားခဲ့သည်။

" Taeဘာဖြစ်လို့လဲ! ငါ့ကိုပြောဦး! "

ချွေးစီးတွေ ပြန်ကာ အိပ်ယာထက်ဝယ် ကယောင်ကတမ်းအော်နေတဲ့ TaeHyungကို သူတော်တော်စိတ်ပူနေပြီ။

" KooKoo Daddyဆီပြန်လာတာပဲ "

ဘေးမှာ ထိုင်နေတဲ့ သူ့ကို လက်ကောက်ဝတ်မှ ဆွဲကာ ရင်ခွင်ထဲ နစ်နေအောင် ဖက်ထားသော TaeHyungကြောင့် အသက်ရှုပင်ကြပ်နေပြီ။

သို့သော် ဝမ်းနည်းစိတ်က တားဆီးမရ ဘယ်က KooKooလည်း နောက်ပြီး ဘယ်က Daddyလဲ။

" Tae ငါ့ကိုခဏလွှတ်ပေးဦး… "

ပါးစပ်မှ ထွက်ကျလာတဲ့ စကားလုံးတွေက အသက်မပါသယောင်။ လှေကားပေါ်က ပြုတ်ကျနေတဲ့ TaeHyungကို ဆေးရုံအပြန်မှာ တွေ့လိုက်ရတာက သူ့ရင်ကို ဓားနဲ့ခွဲလိုက်သလို။

" KooKoo မျက်မှန်တောင် တပ်နေရပြီလား "

" ဖယ်!! "

ပြောပြောဆိုဆို သူ့ကိုလာဖက်တဲ့ TaeHyungကြောင့် တွန်းထုတ်လိုက်သည်။ လှေကားပေါ်က ပြုတ်ကျရုံနဲ့ ကိုယ့်ချစ်သူ တစ်ယောက်လုံးကို မေ့သွားရအောင် သူ့အချစ်က မနက်ရှိုင်းဘူးလား။

" KooKooငိုနေတာလား "

" ဒီမှာ TaeHyung ငါKooKooမဟုတ်ဘူး Jungkookမင်းရဲ့ကောင်… မင်းရဲ့ အထက်တန်းတုန်းက ဆရာမို့လို့ ခဏခဏမဖက်နဲ့ မင်းရည်းစားနဲ့လည်း ငါ့ကိုမှားမနေနဲ့! "

သူ့စကားအဆုံး TaeHyungမျက်နှာ သိသိသာသာပျက်သွားသည်ကို မြင်လိုက်သည်။ KooKooဆိုတဲ့ လူက TaeHyungသူမသိအောင် ထားတဲ့TaeHyungရဲ့ ကောင်လေးလား။

ဒါဆို သူကရော… TaeHyungကို ချစ်လွန်းလို့ သူမေ့နေတဲ့အတောတွင်း သူ့ဘေးမှာနေခဲ့ရတဲ့ ကိုယ်ကရော…
KooKooဆိုတဲ့ လူလောက်အရေးမပါဘူးလား။

" ဟယ် သားTaeHyung သတိရလာပြီလား "

" ဟုတ်မာမီ ဒါနဲ့ ကြက်ပုကောင်ရော "

" သြော်သားရယ် မင်းသတိရတဲ့အချိန်က ည၂နာရီလေ မင်းအစ်ကိုက အိပ်နေတုန်းပေါ့ "

Limited Edition ( Completed )Where stories live. Discover now